Profit of the doubt သံသယအမြတ်

• ရဲသားတချို့ မမှန်တာလုပ်ရင် ရဲတပ်ဖွဲ့။ စစ်သားတချို့ မဟုတ်တာလုပ်ရင် စစ်တပ်။ ဘုန်းကြီးတပါး တရားဟောမှားရင် ဗုဒ္ဓဘာသာ။ အဲလိုကောက်ချက်ချတာ စနစ်မကျပါ။ လွဲမှားနိုင်ပါတယ်။
• မှားတဲ့ရဲသားကို ရဲတပ်ဖွဲ့က စစ်ဆေးအပြစ်ပေးရမယ်။ မဟုတ်တဲ့စစ်သားကို စစ်တပ်က စစ်ဆေးအရေးယူရမယ်။ မှားသွားတဲ့ဘုန်းကြီးကို သံဃအဖွဲ့အစည်းက ဝိနည်းနဲ့အညီ စစ်ဆေးစီရင်တော်မူရမယ်။
• စစ်ဆေး-မေးမြန်း-အရေးယူတာမှန်သမျှ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိရမယ်။
• စစ်ဆေး-မေးမြန်း-အရေးယူတာလည်းမလုပ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိလည်းမရှိရင် စနစ်မကျတဲ့ ကောက်ချက်ဟာ မှားတယ်လို့ပြောမရပါ။
• တရားစီရင်ချက်မချမချင်း တရာခံလို့မပြောရ၊ Benefit of the doubt သံသယအကျိုးခံစားထိုက်တယ်တဲ့။
• မြန်မာပြည်မှာ Profit of the doubt သံသယအမြတ်တွေယူနေတာ များလှပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး