Saya ဆရာလုပ်သူများ

• ပြောတာ၊ ဟောတာ၊ စာရေး၊ ကဗျာရေးတာကို လူအများကလုပ်ကြတယ်။
• ဝေဖန်ထောက်ပြတာ၊ ကဲ့ရဲ့သဂြုင်္ိဟ်ပြုတာ၊ သရော်တာလုပ်ကြသူလည်းမနည်းပါ။
• ဆုံးမတာ၊ လမ်းညွှန်တာ၊ ဆရာလုပ်တာတွေကိုလည်း လုပ်ကြတဲ့သူများလှတယ်။
• နှုတ်ရေးနဲ့ စာရေးတာထက် လက်ပါကြသူကတော့ ရှားပါးတယ်။
• စင်ပေါ်မှာနဲ့ စာမျက်နှာတွေပေါ်မှာ နေရာရသူတွေက လမ်းပေါ်နဲ့ ကွင်းပြင်တွေ၊ မြေပြင်တွေပေါ်မှာ တွေ့ရဘို့ ခက်ကြတယ်။

• စိတ်ပါမှ လက်ပါတယ်ဆိုပေမဲ့ စေတနာပါမှ လက်ရာကောင်းတယ်။ ရသပါရင် စေ့ဆော်မှုအားကောင်းတယ်ဆိုပေမဲ့ စေတနာမှန်မှ ဧကန်အကျိုးဖြစ်စေတယ်။
• ကာယနဲ့ ဥာဏကိုသာခွဲပြော၊ ခွဲလုပ်တတ်ကြတယ်။ ကံဆိုတဲ့ အတွေး၊ အပြော၊ အလုပ် သုံးမျိုးလုံးမစုံသူဟာ ဆရာမည်ပါသလား။
• စေတနာမှန်နဲ့ ပြောလည်းပြော၊ ရေးလည်းရေး၊ လုပ်လည်းလုပ်သူတွေများပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး