Taj Mahal တာ့ခ်ျမဟာ

Taj Mahal တာ့ခ်ျမဟာ ဆိုတာ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်းဗိသုကာလက်ရာ တခုဖြစ်တယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက Agra အာဂရာမှာ တည်ရှိပါတယ်။ Mughal မူဂေါလ် အင်ပါယာသခင် ဘုရင်ကြီး Shah Jahan ရှားဂျဟန်ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား Mumtaz Mahal မွန်မ်တာ့ဇ် မဟာ အတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ The jewel of Muslim art မွတ်ဆလင် အနုပညာရဲ့ရတနာလို့ တင်စားကြပါတယ်။ UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်လည်းဖြစ်ပါတယ်။ Islamic အစ္စလမ်၊ Persian ပါရှန်၊ Ottoman Turkish တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာဖြစ်တယ်။ ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။

• ချစ်မေတ္တာလို့လည်း သရုပ်ဖေါ်တယ်။
• အသည်းကွဲတာလို့လည်း တင်စားကြတယ်။
• အနုပညာဗိသုကာလက်ရာလို့လည်း ချီးမွမ်းကြတယ်။
• တန်ခိုးအာဏာရဲ့သက်သေလို့လည်း ထောက်ပြကြတယ်။
• သက်ဦးဆံပိုင်စနစ်ရဲ့ပြရုပ်လို့လည်း ကဲ့ရဲ့ကြတယ်။
• ကမ္ဘာလှည့်ခရီးသွား စီးပွါးရေးလည်းဖြစ်တယ်။

မှတ်ချက်။ နောက်အစိုးရတွေက ထုံးသုတ်တာ၊ ရွှေချတာမလုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး