Under attack ထိုးနှက်ခံနေရသည် NLD

(၁) ကျွန်တော့်ဆေးပညာစာတွေကို ဖေ့စ်ဘွတ်မပေါ်ခင်ကတည်းက ဘလောခ်မှာ ရေးတင်နေပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါစာတွေလဲ သီးသန့် ဘလော့ခ်နဲ့တင်ပါတယ်။ အဲဒီစာတွေထဲက တချို့ကို ကျွန်တော့်ကိုအသိမပေးပဲ တခြားနေရာမှာ ရုပ်သေ၊ ဗီဒီယိုတွေနဲ့ တင်ကြတယ်။ အဲလိုတင်တာကိုဖတ်ပြီး ကျွန်တော့်ကို ကလော်တယ်။ လူသာမက ကျွန်တော့် မိခင်ပါတီ NLD ကိုလဲ ဆဲတဲ့အထဲပါသေးတယ်။

(၂) “ဒေါင်းစိမ်းကို အမျိုးသားငှက် သတ်မှတ်နိုင်ရန်တဲ့။ NLD ကတော့ အာဏာမရသေးဘူး လုပ်နေပြီ” လို့ တင်ထားတဲ့ ပို့စ်တခု မနေ့တမြန်နေ့က ဖတ်လိုက်ရတယ်။ သူမတင်ခင်ကလဲ သတင်းကိုဖတ်ပြီးသားပါ။ သေချာအောင် ပြန်ရှာ ဖတ်ရပြန်ပါတယ်။ သတင်းက သည်လို ဆိုပါတယ်။

“ရန်ကုန်၊ ၁၉-၁-၂ဝ၁၅ - မြန်မာနိုင်ငံတွင်ကျက်စားနေသည့် ရှားပါးစာရင်းဝင် ငှက်မျိုးစိတ်များတွင် တစ်ခုအပါအဝင် ဖြစ်လာသည့် ဒေါင်းစိမ်း ခေါ် ဥဒေါင်းငှက်ကို အမျိုးသားငှက်အနေဖြင့် သတ်မှတ်နိုင်ရန်အတွက် ဆွေးနွေးပွဲကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်ရှိ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။”

NLD ကို အပြစ်ဆိုသူကနေ ဆက်ရေးပါသေးတယ်။ “ခြင်္သေ့လဲ မမေ့နဲ့” တဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး