Unknown Soldiers အညတရ နိုင်ငံကြီးသားများအလိုရှိသည်

• ပြောဘို့အကွက်သာလိုက်ရှာနေသူတွေတော့ ပြောကြတယ်။ NLD မပါဘူး၊ ဟိုအဖွဲ့ငြိမ်နေတယ်။ သည်အဖွဲ့က နေရာဝင်ယူတယ်။
• အရွယ်နဲ့ တာဝန်မတူရင် ကိုယ့်နေရာအမှန်ကို ရွေးတတ်ရတယ်။
• ကျောင်းသားတွေပွဲမှာ လူကြီးတွေက ကိုယ်တိုင်ဝင်ပါဘို့ မသင့်တတ်ပါ။ ဒါပေမဲ့ တာဝန်မရှိဘူးမဟုတ်ပါ။
• လူကြီးတွေက ကိုယ်နဲ့အသင့်ဆုံး လုပ်ပေးနိုင်တဲ့နည်းနာကို ရွေးလုပ်နိုင်ပါတယ်။
• အပြော၊ အဟော၊ အရေးနဲ့ အဝေးကနေကူညီနိုင်ကြတယ်။
• အကူအညီတွေ လှမ်းပို့ပေးနိုင်တယ်။ မေတ္တာပို့နိုင်ကြပါတယ်။
• ကျောင်းသားတွေကို ဖြိုခွဲမဲ့လူကြီးဆိုသူတွေကို စည်းရုံး၊ ဖျောင်ဖျ၊ နားချတာမျိုး လုပ်နိုင်ရင်လုပ်ပါ။
• လူသိခံစရာ လိုချင်မှလိုမယ်။ အမည်မဖေါ်စေတနာရှင်တွေ၊ သတင်းမှာမပါတဲ့ အကျိုးဆောင်သူတွေဟာ အညတရစစ်သည်တွေလိုပဲ အလေးပြု၊ သာဓုခေါ်ခံထိုက်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅
Photo: The Tomb of the Unknown Soldier at the Arc de Triomphe in Paris, France

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး