February 29 ဖေဖေါ်ဝါရီလ (၂၉)
ဆရာ ဆောင်းပါးတပုဒ် ရေးတာဖတ်ချင်တယ်။ အချို့က အပျိုကြီးများနေ့လို့ ဘာသာပြန်ထားတာသဘောမတွေ့သလို အားလုံးကိုလည်း ကိုယ်တိုင်မပြန်တတ်ဘူး။ ဆရာ ပုံမှန်ရေးနေတဲ့ နိုင်ငံရေး/ဆေးပညာနဲ့မပတ်သက်တာတော့ တောင်းပန်ပါတယ်။ စည်းကမ်းနဲ့အညီ တောင်းဆိုတာလည်း မဟုတ်တော့ ခွင့်လွှတ်ပါ။ ကျွန်တော်က ရေးတာစုံပါတယ်။ ပြက္ခဒိန်အကြောင်းနဲ့ (၁၂) လလုံးအကြောင်းတွေလည်းရေးဖြစ်တယ်။ ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့ကို Leap day လို့ခေါ်ကြတယ်။ လေးနှစ်မှာတကြိမ်သာကျတဲ့ ရက်ထပ်နှစ်ထဲကနေ့သာ ဖြစ်ပါတယ်။ ပုံထဲပါသလို The Proposal ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား (ရိုင်ယန် ရေးနော့ဒ်) ရှေ့မှာ မင်းသမီး (စန္ဒရာဘူးလော့) ကနေ သူ့ကိုလက်ထပ်ပါလို့ပြောတဲ့ လက်ထပ်နှစ်မဟုတ်ပါ။ အပျိုကြီးတွေနေ့လည်းမဟုတ်ပါ။ တနှစ်ဆိုတာ နေကိုကမ္ဘာက တပတ်တိတိပတ်လို့ကြာချိန်ဖြစ်တယ်။ ပတ်နှုန်းကတော့ ၄ နှစ်တခါမပြောင်းပါ။ နေကိုတပါတ်ပြည့်ဘို့ ၃၆၅့၂၄၂၅ ရက်ကြာတယ်။ တိတိကျကျပြောရရင် (၃၆၅ ရက် + ၅ နာရီ + ၄၉ မိနစ်) ကြာတယ်။ ပြက္ခဒိန်မှာသာ (၃) နှစ်ဆက်တိုက် (၃၆၅) ရက်နဲ့ စတုတ္တမြောက်မှာ (၃၆၆) ရက်လုပ်ထားပါတယ်။ အပိုဖြစ်နေခဲ့တဲ့ ၄၂ မိနစ် + ၅၂ စက္ကန့်ရှိလို့ နှစ်ပေါင်း (၄ဝဝ) တိုင်းမှာ ၃ ရက်လောက်ရှိတယ်။ အဲတာကြောင့်...