Japan model ဂျပန်နမူနာ
လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာကို ဒေါ်စုခရီးစဉ်နဲ့တိုက်ဆိုင်လို့ ပြန်တင်ပါရစေ။ နာဂါဆာကီဒေးကို ဘယ်တောမှ မမေ့ပါ။ ကျွန်တော်မမွေးခင် ၃ နှစ်တိတိ၊ ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနုမြူဗုံးချခံရတယ်။ လူပေါင်း ၃၈,ဝဝဝ ကနေ ၄ဝ,ဝဝဝ သေဆုံးရတယ်။ ၆-၈-၁၉၄၅ ဟီရိုရှီးမားမှာ လူ ၉ဝ,ဝဝဝ ကနေ ၁၄၆,ဝဝဝ သေဆုံးခဲ့ပြီးဖြစ်တယ်။ မြင်မြင်သမျှ ပြားချပ်ကုန်ပြီ။ အဲဒီနောက်မှာ ဂျပန်တွေ ဘာလုပ်ခဲ့ကြသလဲ။ ကမ္ဘာမှာ ချမ်းသာနေတဲ့နိုင်ငံတွေ ဘယ်လိုကနေဘယ်လို ချမ်းသာလာကြသလဲက စိတ်ဝင်စားဘို့ အလွန်ကောင်းတယ်။ အဲဒီမေးခွန်းကို ခပ်သောသောနဲ့ ဖြေခဲ့ဘူးတယ်။ အဲလိုချမ်းသာတဲ့နိုင်ငံကလူတွေဟာ အရင်က ပင်လယ်ဓါးပြတွေ ဖြစ်ခဲ့ကြတယ်လို့။ ဒီစာမှာရေးချင်တာကတော့ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ မရှုမလှ အရှုံးကြီးရှုံးခဲ့ရာကနေ ကနေ့မှာ ဘာလို့ချမ်းသာလာသလဲ။ ဂျပန်လူမျိုးတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာရှိတာကိုစားပြီး ဗိုက်ဖြည့်ကြတယ်၊ အလုပ်လုပ်စရာမရှိချိန်မှာ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်၊ ဒီကြားထဲကနေ ကမ္ဘာမှာ လူတိုင်းက လေးစား အားကျရတဲ့အဆင့်ကို မရရအောင် လုပ်ဆောင်ပြနိုင်ကြတယ်။ (မေဂျီ) ပြုပြင်ပြောင်းလဲရေးခေတ်တုံးကလို သန္နိဋ္ဌာန်န...