Monday, October 24, 2016

Values တန်ဖိုး

ကွန်မင့်တခု မနေ့ကတည်းက ရတယ်။ ကလေးတွေကို အင်္ဂလိပ်စာတွေနဲ့ပြနေတော့ မြန်မာ့စာသတ်ပုံမှန်ကန်မှု အားနဲသွားတာလားဆရာ။

အင်္ဂလိပ်စာကကော အဆင်ပြေမှန်ကန်သလား မသိပါ။ ခုခေတ်မှာ တရားဟောတာတောင် အင်္ဂလိပ်စကာလုံးတွေ လှိုင်ပေါလယ်အောင် ညှပ်ဟောနေကြတယ်။ ကျွန်တော့်မှာတော့ ဆေးပညာစာထဲမှာ အင်္ဂလိပ်စာလုံး မထည့်မဖြစ်တဲ့အခါ ကျော်လွှားဖတ်သွားလည်းရပါတယ်လို့ အရင်တောင်းပန်ထားရတယ်။ Smile

စာသင်ကျောင်းတွေမှာ အလယ်တန်းအထိသင်ပေးတဲ့ဘာသာရပ်အားလုံး တသက်လုံးအသုံးကျတယ်။ မြန်မာစာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်းနဲ့ အထွေထွေသိပ္ပံ။ ဘာသာရပ်တိုင်း မတော်ရင်လည်း တတ်အောင်လုပ်ရမယ်။ မြန်မာစာညံ့တဲ့သူ အင်္ဂလိပ်စာမှာ အမှတ်ပိုပြီးရကောင်းရမယ်။ တော်တဲ့ကျောင်းသားလို့ မပြောပါ။

သူများတိုင်းပြည်မှာသာနေရင်တော့ အကြောင်းမဟုတ်လှပါ။ အဲတာလည်း ကိုယ့်မိခင်တိုင်းပြည်ကို ကိုယ်စားပြုပြီး တင်ဆက်ဧည့်ခံရတတ်တယ်။ အဲဒီအခါ အနုသုခုမပညာ၊ အဝတ်အစားနဲ့ အစားအသောက်တွေပါမယ်။ အားလုံးအစုံကို ယဉ်ကျေးမှုခေါ်တယ်။ ဘာသာစကားက အခြေခံတယ်။ အဲလိုမျိုးကသာ ပွဲလယ်တင့်တယ်။

အားလုံးပေါင်းတာကို လူမျိုးတခုရဲ့တန်ဖိုးလို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...