The End ပြီးပါပြီ

ရှယ်ပီဆရာ၊ ရှယ်လိုက်ပါပီ၊ စသဖြင့်ရေးနေကြလို့ အရင်တခါက ပါပီတို့ခေတ်လို့ ငေါ့ပြီးရေးဖူးတယ်။ ဆောရီး။

ပြီ
တန်ပြီ၊ တော်ပြီ၊ တတ်ပြီ၊ မှန်ပြီ၊ ဟုတ်လှပြီ၊ မွဲး (မွဲ) ပြီ၊ ချမ်းသာပြီ၊ များလေပြီ၊ အချိန်သင့်ပြီ၊ ပြီးပါပြီ၊ ကောင်းပြီ၊ သွားလေပြီ၊ စကားပြီပြီသသ။

ပြီး
ပြီးစီးသည်၊ ပြီးဆုံးသည်၊ ပြီးပါပြီ၊ ပြီးငြိမ်း၊ ပြီးပြတ်၊ ပြီးမြောက်၊ ဓါးလှံသေနပ် (သေနတ်) ပြီးသည်၊ အပြီးအစီး၊ အပြီးတိုင်အောင်၊ ပြီးပြီးပျောက်ပျောက်၊ ထိုသို့တပြီးကား၊ မပြီးမခြင်း၊ ပြီးအောင်လုပ်၊ ပြီးပြည့်စုံသည်။

ပီ
ပီလောပင်၊ ပလောပီနံ၊ ပီသသည်၊ ပီပီသသ၊ ပီပြင်သည်၊ ပီပီပြင်ပြင်၊ ယောက်ျားပီသသည်၊ မိန်းမပီပီ၊ စကားပီပီ (စကားပြီပြီ)။

မြန်မာပြည်မှာ တယ်လီဗီးရှင်းပေါ်စကာ မုံရွာကနေ ၁၄ လက္မ၊ ကာလာတီဗွီလေးတလုံးကို အင်တာနာအစုံနဲ့ဝယ်လာတယ်။ ပိုက်လုံးထိပ်မှာ အင်တာနာဆင်ပြီး ဖွင့်ပါတယ်။ လိုင်းက တော်တော်နဲ့ ရှာမရပါ။ ဟိုလှည့် သည်လှည့်။ ပျးအုံကို တုတ်ထိုးသလို ရွစိရွစိတွေသာမြင်ရတယ်။ တနာရီလောက်ကြာတော့မှ ထင်ထင်ရှားရှားပေါ်လာပါတော့တယ်။ ပြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပြီးပါပြီတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး