Handicapped doctor at midnight လကွယ်ညသန်ကောင်ယံ

ဆေးကျောင်းအတူတက်တဲ့ သူငယ်ချင်းတယောက်က ညမြင်ကွင်းပုံတင်တာ အခုပဲတွေ့ရတယ်။

ပြောကြ ဆိုကြတယ်။ လကွယ်ညသန်ကောင်ယံအလယ်မှာ မဟူရာကျောက်ရိုင်းတုံးကို လူတကာ ကောက်ခိုင်းအုံးတော့ ရှာလို့ တွေ့ချင်တွေ့ပါလိမ့်မယ်တဲ့။

ကျွန်တော် တောနယ်တခုမှာ ပဌမဆုံးတိုက်နယ်ဆရာဝန် တာဝန်ကျတုန်းကပေါ့ -

မျက်စိမမြင်တဲ့သူက ညမှာလမ်းသလားတိုင်း ရေနံဆီမီးပုံးလေးဆွဲသွားလေ့ရှိတယ်။ မသိသူတွေကမေးကြတယ်။ ဟာ့ ဘိုးထွန်းသိန်းက မျက်စိလည်းမမြင်ဘူးဆို ဘာလို့မီးပုံးဆွဲလာရတာလဲ။ အေးကွ ငါကတော့ ငါ့လမ်းငါသွားတတ်တယ်။ ညမှာ ငါ့ကိုမမြင်တဲ့သူတွေက ဝင်တိုက်မှာစိုးလို့တဲ့။

မသန်မစွမ်းသူတွေကို Differently abled persons တမျိုးတဘာသာ သန်စွမ်းကြသူများလို့ ပြောင်းပြီး ခေါ်ဝေါ် သုံးစွဲလာကြတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုတော့ မခေါ်နိုင်ပါ။

မေးချင်တာမေးကြတဲ့အခါ စာတွေကို အဖြတ်အတောက်မပါပဲ (စပေ့စ် မခြာပဲ) စာရိုက်ကြတယ်။ မေးခွန်းကို ကူးယူ၊ (နုတ်ပဒ်) မှာ (ပေ့စ်) လုပ်၊ (ဝဒ်) မှာ ပြန်ပြီး (ကော်ပီ-အင်န်-ပေ့စ်) လုပ်၊ အဖြတ်အတောက်နဲ့ သတ်ပုံပြင်တာ ကိုယ့်ဖါသာ လုပ်ယူရတယ်။ ပုံတွေကို သေးသေးလေးတွေရော တစောင်း ဇောက်ထိုးတွေပါ ပို့လာကြတယ်။ အဲတာလည်း ကူးယူ၊ ချဲ့ယူ၊ တည့်ယူရတယ်။ ပြီးမှာ အမေးပုစ္ဆာကို ဖတ်ရ ဖြေရတယ်။

ကျွန်တော်လည်း ဒုက္ခိတဆရာဝန်ဘဝ ရောက်နေရပါတော့တယ်။ နိုက်တင်ဂေး မဟုတ်ပေမဲ့ မီးပုံးလေးနဲ့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ