နက်ဖြန်မနက် ဆွမ်းဟင်းချက်မယ်

ဗုဒ္ဓဟူးနေ့ညနေ ကျောင်းမှာစာသင်ကူနေတုန်းမှာ ဖုန်းတွေအတော်လာတယ်။ ကျောင်းမလာနိုင်တဲ့သူတွေက ခွင့်တိုင်စာ၊ ရေဒီယိုတခုက အင်တာဗျူး။ ထူးတာလည်းလာတယ်။ ဘယ်ကခေါ်မှန်းမသိ။
ဆရာ့ ကျွန်တော့်ပို့တာ ရောက်ပြီလား။
အော့့် ခွေးတောက်ရွက်လှမ်းပို့တာလား။ ဆရာကျောင်းလာတဲ့အထိတော့ မရောက်သေးဘူးဗျ။
ဗုဒ္ဓဟူးနေ့ရောက်မယ်လို့ ပြောတယ်ဆရာ။
ဟုတ့့် ရောက်ရောက် မရောက်ရောက် ကျေးဇူးတင်းတယ်နော့့်

အခုစာမရေးခင်မှာ သူ့ဆီကဖုန်းလာတယ်။
ဆရာ့ ဗုဒ္ဓဟူးနေ့ကတည်းက ဆရာ့လိပ်စာ စာတိုက်ပုံးထဲထည့်လိုက်ပြီတဲ့။
အော့့် စာတိုက်ပုံးသွားဖွင့်လိုက်မယ်။
ဟော့ ရပြီ။ ခွေးတောက်ရွက်တွေ အကုန်လုံး စိမ်းနေတုန်းပဲ။

ပို့တဲ့သူနဲ့ လူချင်းမတွေ့ဘူးပါ။ သူနဲ့တမြို့တည်းနေတဲ့ ကျွန်တော့်အသိ အမျိုးသမီးတယောက်ကတဆင့် လိပ်စာ တောင်းတယ်။ သူက ဆရာ့ဆီကို ခွေးတောက်ရွက်ပို့ချင်လို့တဲ့
ဟာ့ တက်ဆပ်စ်ကနေဆိုတော့ ဖြစ်ပါ့မလား၊ အရွက်တွေ ညှိုးကုန်မှာပေါ့။
သူက အမြန်ပို့မှာတဲ့ဆရာ။
အော့့်

အန်တီက နက်ဖြန်မနက် ဆွမ်းဟင်းချက်မယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး