Nature သဘာဝကျခြင်းနဲ့ သီချင်းများ

စောစောကပဲ ဝါရှင်တန်မှာနေတဲ့ မီဒီယာမိတ်ဆွေတယောက်က ဆောင်းဦးမှာ သစ်ရွက်တွေအရောင်းမျိုးစုံနဲ့ လှနေတာကို ပုံတွေနဲ့တင်တာတွေ့ရတယ်။ အဲတာနဲ့ အေးဗျာ့ ဟိုတနေ့က ဆရာလည်း Fall ရွက်ကြွေရာသီကို တင်ပါတယ်။ လှလိုက်တာစသဖြင့် ကွန်မင့်တွေလာတယ်။ သဘာဝအကျဆုံး ကွန်မင့်တခုလည်းပါတယ်။ ဆရာရယ့့် နှစ်တိုင်း သစ်ရွက်ကြွေတွေ လိုက်သိမ်းရတာ ခါးကိုကော့လို့တဲ့။

ဆေးကျောင်းသားသူငယ်ချင်းက ဦးဘသိန်း (မန္တလေး) ရေးတဲ့ မိန်ရာသီသီချင်းကို အင်္ဂလန်ရောက်နေတဲ့သူငယ်ချင်းဆီ ပို့ပုံရတယ်။ အနွေးထည်ခပ်ပါးပါးဝတ်ထားတဲ့ လန်ဒန်ကသူငယ်ချင်းကလည်း အားနာလို့ထင်တယ် တင်ပေးတယ်။

ကျွန်တော် ဒေလီမှာနေစဉ်က ကားမှာ သီချင်းဖွင့်စရာလေးပါတယ်။ ကားစက်နှိုးရင် ထည့်ထားတဲ့ စီဒီက အလိုလို မြည်တယ်။ ပူပူလောင်လောင် နွေခေါင်ခေါင်မှာလာတဲ့သီချင်းက ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်။ နှင်းတွေကျနေချိန်မှာ ကိုအံ့ကြီးဆိုတဲ့ အဲဒီမိန်ရာသီလာတယ်။ မွေးလူနာလာလို့ ညမှာအိပ်ရာကထသွားရရင် အုန်းစက်ပါ ဘုန်းလက်ျာတဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၁ဝ-၂ဝ၁၆
https://soundcloud.com/dr-tin-hlaing/produce

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး