Saturday, October 22, 2016

Difference ကွာခြားမှု

(နှစ်နှစ်တိတိကရေးတာ)

ကျွန်တော်တင်တဲ့ပုံတွေမှာ
• မိုးတိမ်နဲ့ ကောင်းကင်လည်းပါ၊
• သစ်ပင်နဲ့ စိုက်ခင်းလည်းပါ၊
• လူသွားလမ်းနဲ့ ခင်တန်းလည်းပါ။

မြန်မာပြည်ကမိတ်ဆွေ
• ခင်များရှာနေတာ ကျွန်တော်သိ
• ဒီကသစ်ပင်မှာ ရေချမ်းစဉ်မရှိ၊
• ဒီကမြေလမ်းမှာ လှည်းကြမ်းမောင်းနေတာမရှိ၊
• ဒီလူသွားလမ်းနဲ့ ခင်တန်းမှာ ဖုံလွှမ်းနေတာမရှိ။

ဒါပေသိ
• ကောင်းကင်မှာ နယ်နိမိတ်မရှိ၊
• ခင်ဗျားခေါင်းပေါ်လဲရှိ၊ ကျွန်တော့်ခေါင်းပေါ်လဲရှိ။

ဒီတော့ဗျာ
• ဘာကွာတာရှိ၊
• ဆယ်နာရီခွဲ တိတိ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၄
ည ၈ နာရီခွဲ
ဓါတ်ပုံ = ဒီကဘုန်းကြီးကျောင်းဘေး

Rising sun သာတဲ့လ ဖြာတဲ့နေ ကြွေတဲ့အရွက်

နေရတဲ့အရပ်မှာ နေတက်လာ အရွက်ဝါတွေကြွေ၊
ကိုယ့်မွေးမြေမှာ ညအခါ လသာနေ၊

သည်နေ သည်လ၊ အတူတူသာပ၊
ညတလှည့် နေ့တလှည့်ကျ၊ အတူတူသာပ၊
နေရတာဝေးလှပေမဲ့ အတွေးမှာ အတူတူသာပ၊

အရှေ့ရပ်က တက်လာတဲ့နေဟာ မြန်ပြည်ကိုသွားနေတာငါသိရ၊
ဒီကအနွေးဓါတ်နဲ့ အတွေးဇာတ် ကိုယ့်အရပ်ကိုသယ်သွားမယ်ဆိုတာလဲ ငါတကယ်သိပ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...