Bindi ဘင်ဒီ

ဆရာရေ အမေစု ဘယ်လိုဖြစ်တာလဲ။ နဖူးမှာအနီစက်နဲ့တွေ့ရတဲ့နောက် စိတ်ထဲမှာ အတော်မကောင်းဘူး။ နေမကောင်းတောင်ဖြစ်သွားတယ်။ ဘေးက နိုင်ငံခြားရေးအကြံပေးတွေ မ'နေပြီထင်တယ်။

အဲတာကို Bindi ဘင်ဒီလို့ခေါ်တယ်။ Bindi ဘင်ဒီဆိုတာ Bindu ဆိုတဲ့ သက္ကတ (ဆန်းစ်ကရစ်) ဘာသာစကားကနေ လာတယ်။ အိန္ဒိယတောင်ပိုင်းဒေသတွေမှာ Pottu ပေါ့တူးလို့ခေါ်တယ်။ ဟင်ဒီစကားနဲ့ Tilak တိလက်လို့ခေါ်တယ်။

အိန္ဒိယသာမက သူ့အနီးအနားက တိုင်းပြည်တွေမှာလည်းရှိတယ်။ အိန္ဒိယတိုက်ငယ် ယဉ်ကျေးမှုဖြစ်တယ်။ ရိုးရာဓလေ့တခုဖြစ်ပါတယ်။ အမျိုးသမီးတွေ နဖူးမှာ အနီရောင်အဝိုင်းလေးလုပ်ထားတာ၊ လုပ်ပေးတာကိုခေါ်တယ်။ အဲလိုမဟုတ်ပဲ နဖူးအထက်ဆံစ (ဆံပင်ခွဲကြောင်း) အထိ ရှည်မယ်ဆိုရင် အဲဒီအမျိုးသမီးဟာ ဟင်ဒူဘာသာကိုးကွယ်တဲ့ အိမ်ထောင်ပြုထားသူဖြစ်တယ်။ အဲတာကိုတော့ Vermillion mark လို့ခေါ်တယ်။

အစဉ်အလာအားဖြင့် အနီရောင်ဖြစ်ပေမယ့် အဝါရောင်နဲ့ လိမ်မော်ရောင်လည်းဖြစ်နိုင်တယ်။ ပုံပန်းနဲ့ အရွယ်စားလည်း အမျိုးမျိုးရှိတယ်။ Red sindoor ပေါင်ဒါမှုန့်နဲ့လုပ်ထားတယ်။

ဟင်ဒူဘာသာရေးအခမ်းးအနားမှာလည်း လုပ်တယ်။ Brahmin ဗြဟ္မဏဇာတ်အတန်းအစားတွေက နဖူးမှာ သုံးတန်း တန်းထားတယ်။ အလှအပသဘောလည်း လုပ်ကြပါတယ်။ ဟော်တယ်ကိုလာပြီးတည်းခိုသူကိုလည်း အဲလိုလုပ်ပေးပြီး ကြိုဆိုတယ်။ အခမ်းအနားတွေမှာ လေးစားတဲ့ဧည့်သည်တော်ကိုလဲ လုပ်ပေးတယ်။

အဲဒီမှာနေခဲ့စဉ်က ကျွန်တော့်နဖူးမှာလည်း အခါခါ။ Smile!

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး