November Morning နိုဝင်္ဘာ နံနက်ခင်း

ဟိုလွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ နိုဝင်္ဘာလ (၁) ရက်နေ့ မနက်ခင်း၊ စက်ဘီးတစီးနဲ့ ကျောက်မီးသွေးမိုးခိုးနံ့ကိုရှူရင်း မန္တလေး ဘူတာကြီးအရှေ့ဖက်ဆက်နင်း၊ အရက်ပျံနဲ့ လိုက်ဇောနံ့သင်းနေတဲ့ မန္တလေးဆေးရုံကြီးရှေ့ကဖြတ်ရင် ဖေါ်မလင်နံ့ရှိရာ ဆေးတက္ကသိုလ်မှာ ဖရက်ရှာခေါ် ကျောင်းသားသစ်လေးတယောက်ဟာ အားသစ်အင်သစ် အပြည့်နဲ့ပေါ့ဗျာ။

နောင် (၇) နှစ်မှာ ဆရာဝန်ဖြစ်ဘို့တခုတည်းသာ သိသေး။ နောင်ရေး မတွေးမိ။ နှစ်အစိတ်ရှိရင် နိုင်ငံရေးထဲ ဝင်ရမယ်လို့က စိုးစဉ်းမျှ စိတ်ကူးထဲမှာမရှိ။ နောင် (၂၆) နှစ်တိတိမှာ ကိုယ့်မွေးရာတိုင်းပြည်ကြီးကို ကျောခိုင်းပြီး ထွက်ရလမ်း မှန်းမထားမိ။ အခုရှိတဲ့နေရာဆိုတာလည်း အိပ်မက်ထဲမှာ နတ္ထိ။

နိုဝင်္ဘာလဆန်းဆိုတာ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်တွေ အများကြီးရှိ။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆

Comments