The Followers ပုထုဇဉ်

သီတင်းကျွတ်လပြည့်နေ့ဝန်းကျင်မှာ မြန်မာ့ရိုးရာအစဉ်အလာအရ မိဘနဲ့ဆရာဆရာမတွေကို ကန်တော့ကြတယ်။ အကန်တော့ခံသူတွေလည်း ငယ်စဉ်ရွယ်စဉ်က သူတို့မိဘဆရာတွေကို ကန်တော့ခဲ့ကြမယ်။ စဉ်ဆက်မပြတ်စေတဲ့ ကောင်းမှုပြုကြတဲ့ ယဉ်ကျေးမှုဖြစ်တယ်။

အဲတာကိုတော့ နိုင်ငံရေးလုပ်ကြမှာတော့ စိုးရိမ်မိတယ်။ လက်အုပ်ချီတာ၊ ဘုရားထဲ ကျောင်းထဲ ဖိနပ်စီးတာတွေကို နိုင်ငံရေးလုပ်ကြတယ်။ ဘုန်ကြီး ပြန်မပြော မော့မကြည့်ရဲတဲ့ အစဉ်အလာကနေ အခုတော့ (တချိုတလေက) ဆဲရေး တိုင်းထွာလာကြတယ်။

• ဆရာ-ဆရာမတို့သည် အာစရိယဖြစ်ကြကုန်၏။
• ဘုန်းကြီးရဟန်းတို့သည် သံဃာဖြစ်ကြကုန်၏။
• ဒကာဒကာမတို့သည် ပုထုဇဉ်ဖြစ်ကြကုန်၏။
• အကန်တော့ခံများလည်း ပုထုဇဉ်ဖြစ်ကြကုန်၏။
• တခါတခါ တဖက်တည်းကြောင့် အမှားဖြစ်ရတာ မဟုတ်ပါ။ ရဟန်းတို့သည်လည်း (သိသလောက်တော့) ပုထုဇဉ်ဖြစ်ကြကုန်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး