Friday, October 21, 2016

Early Morning စောစောစီးစီး

မနက်အိပ်ယာထတာနဲ့ ကွန်မင့်တွေလိုက်ဖတ်ပါတယ်။ တယောက်တည်းကနေ ရေးထားတာဖတ်ရတယ်။

May I ask you! ကျမ မေးပါရစေအောက်မှာ U Thay Thay က သတ်ပုံကအရေးကြီးသလားလို့ရေးတယ်။ A Common Platter လက်ရေတပြင်တည်းအောက်မှာ U Thay Thay ကပဲ ဗဟုသုတနေရာမှာသတ်ပုံအရေးမကြီးဘူး လိုရင်းသာ အဓိကပါလို့ ထပ်လာပြန်တယ်။ အဲတာနဲ့ ဒီစာရေးရတယ်။

ကျွန်တော်တို့ကိုသင်ပေးခဲ့တဲ့ မြန်မာစာဆရာဆရာမတွေက သတ်ပုံမှားရင် အမှတ်လျှော့တယ်။ မှားရေးတဲ့ကျောင်းသား ပေတံနဲ့အရိုက်ခံရတယ်။

နဝတ စစ်အစိုးရကတော့ သတ်ပုံသိပ်အရေးကြီးခဲ့ပါတယ်။ တမှန်သမျှကို တစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။ စာရေးဆရာတွေ တစ်တလုံးဘယ်လောက် ဒဏ်ရိုက်ခံရတယ်။ အဲဒီခေတ်မှာ မှန်ရင် ပေတံနဲ့အရိုက်ခံရတယ်။

အခု ပေတံမပြတာတောင်မှ ကြောက်နေကြသူတွေကများတယ်။

အရင်သတ်ပုံစာလေးတခုအောက်မှာ ကွန်မင့်တခုလာတယ်။ ရွာတရွာမှာ ကျောင်းထိုင်ဘုန်းကြီးက သူ့ကျောင်း ဆိုင်းဘုတ်မှာ ကြောင်းလို့ရေးတယ်။ သိတဲ့သူတွေက လျှောက်တော့ -
ဟေ့ ယရင်နဲ့ရေးထားလည်း (့) အိမ်လို့ ဘယ်သူမှ မဖတ်ဘူးတဲ့။

မနက်စောစော အဲဒီဥပမာရေးရတာ မကောင်းလှပါ။ ကန်တော့ဗျာ။

စောစောစီးစီးမှာ မင်္ဂလာစကားသာပြောပါရစေ။ ကျွန်တော်က အဲဒီဘုန်းကြီးလောက်တော့ မပြောတတ်ပါ။ အင်္ကျီကြယ်သီးပေါက်လွဲတပ်ထားတာ ကိုယ့်အိမ်မှာနေလို့ ဘာမှမဖြစ်ပါ။ မင်္ဂလာဆောင်တော့ အဲလိုမသွားနဲ့။ ဆိုရှယ်မီဒီယာမှာ လူတကာလာတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၆
၂၂-၁ဝ-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...