Anniversary of historic step to revive Bddhism in India

အောက်တိုဘာ (၁၄) ရက်၊ အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားခြင်း ၅၇ နှစ်ပါတ်လည်နေ့

(လွန်ခဲ့တဲ့ ၃ နှစ်တိတိကရေးခဲ့တဲ့စာ)

ပုံကိုကြည့်ပါ၊ ညတုန်းကရေးခဲ့တဲ့ ကောင်းမှုတော်မဟုတ်ပါ။ အိန္ဒိယနိုင်ငံ မဟာရာစထရာပြည်နယ်၊ နာ့ပူးရ်မှာရှိတဲ့ Deekshabhoomi ဒိရှာဘုမ္မိဖြစ်ပါတယ်။

Dr. Ambedkar (ဒေါက်တာအမ်ဘဒ်ကာ) ကနေ ၁၄-၁ဝ-၁၉၅၆ နေ့မှာ (နာ့ပူးရ်) မြို့မှာ အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး စတင်ဆောင်ရွက်ခဲ့တယ်။ မြန်မာနိုင်ငံက Bhante Chandramani ဘန္တေစန္ဒရမုနီထံကနေ (ဒေါက်တာ အမ်ဘဒ်ကာ) ပါဠိဘာသာနဲ့ ကျမ်းသစ္စာဆိုတယ်။ ရတနာသုံးပါး၊ သီလငါးပါးနဲ့ သစ္စာ ၂၂ ချက် လိုက်ဆိုပါတယ်။ Mahabodhi Society မဟာဗောဓိအသင်းတော် အထွေထွေအတွင်းရေးမှူး Devapriya Valisinha (ဒီဗာပရီယာ ဗာလစ်ဆင်းဟာ) လည်းတက်ရောက်တယ်။

(ဒေါက်တာအမ်ဘဒ်ကာ) ဟာ ၁၉၃၅ ခုနှစ်ကတည်းက သူဟာ မွေးစဉ်က ဟင်ဒူဘာသာဝင်ဖြစ်ခဲ့ပေမဲ့ အဲလိုနဲ့ သေမှာ မဟုတ်ဘူးလို့ ကြေငြာထားခဲ့သူဖြစ်တယ်။ သူဟာ ၁၉၅ဝ ကတည်းက သီရိလင်္ကာသွားပြီး ဗုဒ္ဓစာပေတွေ သင်ယူတယ်။ သူဟာ ၆-၁၂-၁၉၅၆ နေ့မှာ ဗုဒ္ဓဘာသာဝင်အဖြစ်ကွယ်လွန်ပါတယ်။ အိန္ဒိယမှာ သူ့နာမည်အတော်ကျော်ကြားတယ်။ အမေရိကန်သမတ အိုဘားမား အိန္ဒိယပါလီမန်မှာ မိန့်ခွန်းပြောစဉ်ကလည်း သူ့အမည်ကိုထည့်ပြောတယ်။

အဲဒီနေ့မှာ အရင်ကတခြားအယူဝါဒရှိခဲ့သူပေါင်း ၃၈ဝ,ဝဝဝ ယောက်ကို နာ့ပူးရ်မှာရှိတဲ့ Deekshabhoomi ဒိရှာဘုမ္မိမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းစေခဲ့တယ်။ ၂ဝဝ၇ သံဃာတော်များအရေးအခင်းကာလအတွင်း ကျွန်တော် အိန္ဒိယမှာ လှည့်လည်ဟောပြောခဲ့စဉ်က  အဲဒီမှာရှိတဲ့ကောလိပ်တခုမှာလည်း ဟောပြောခဲ့ပါတယ်။

ကနေ့အိန္ဒိယမှာ ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတိုင်းဟာ သူ့ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု အလွန် နက်ရှိုင်းအောင် ကနေ့အထိရှိနေတဲ့ အိန္ဒိယမှာ အဲလိုခွဲခြားမှုကင်းတဲ့ ဗုဒ္ဓဘာသာထဲကို ကူးပြောင်းလာသူများပါတယ်။
၂ဝ၁၁ ခုနှစ်စာရင်းအရ အိန္ဒိယမှာ -
ဟင်ဒူ = ၇၉့၈ဝ%
အစ္စလမ် = ၁၄့၂၃%
ခရစ်ယန် = ၂့၃ဝ%
ဆစ် = ၁့၇၂%
ဗုဒ္ဓဘာသာ = ဝ့၇ဝ%

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး