Color of Democracy ဒီမိုကရေစီမှာ ဘာရောင်ရှိသလည်း
(မနှစ်က ဒီနေ့မှာ ရေးခဲ့တဲ့စာ)
သစ်ပင်တွေရဲ့သဘာဝ အရောင်အသွေးအပြောင်းလဲခြင်းဟာ အပြစ်ကင်းတယ်။
နိုင်ငံရေးမှာ အဲလိုပြောင်းတာမျိုးကို သဘာဝမကျဘူးလို့ပြောကြတယ်။ သက်ရှိလူတွေနဲ့ သစ်ပင်တွေ မတူလို့ဖြစ်တယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ မပြောင်းတော့ပဲ တရားသေဆုပ်ထားတာမျိုးလည်း သဘောမတူပါ။
တကယ့်အရှိကို ထင်ဟပ်ပြီး၊ အများစုဖက်မှာရပ်မှသာ ဒီမိုကရေစီမည်တယ်။ လွန်ခဲ့တဲ့ခေတ်တွေမှာ အဲဒီကာလအတွက် ဒီမိုကရေစီဖြစ်ခဲ့တယ်။ ကျွန်တော် အသေဆုပ်မထားပါ။ ၁၉၉ဝ တုံးကနဲ့ အခုမတူတော့တာသိတယ်။
၂ဝ၁ဝ နဲ့ ၂ဝ၁၅ က ခြားနားတယ်။ ဒါပေမဲ့ ၁၉၉ဝ နဲ့ ၂ဝ၁၅ လာတူနေတယ်။ အဲတာကတမျိုး။ သဘာဝမကျတဲ့နိုင်ငံရေး ရှိခဲ့လို့ဖြစ်တယ်။
များနေတာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးကသာ ဒီမိုကရေစီမည်တယ်။ အရွေးခံမဲ့သူတွေထက် မဲပေးသူတွေအပေါ်မှာ မူတည်တာကို ဒီမိုကရေစီခေါ်တယ်။ ခဏခဏပြောင်းတာကိုတော့ ဗလောင်းဗလဲလုပ်တယ်လို့ ခေါ်ပြန်တယ်။
ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၅

Comments
Post a Comment