Corrections အမှားပြင်ဆင်ချက်

ဆွယ်တော်ကိုးဆူလို့ တင်တာတခုတွေ့တယ်။

အဲတာနဲ့ ဘာရေးသလဲတော့ မသိပါ။ ဘုရားနဲ့ဆိုင်တာဆိုရင်တော့ စွယ်တော်လို့သာရေးရတယ်။ အဲတာမဟုတ်ရင်တော့ ဆောရီးလို့ ကွန်မင့်ရေးပါတယ်။ အဲတာမှာ ပုံကမပါလို့ မြတ်စွာဘုရားစွယ်တော်ကို ရည်ညွှန်းတာ ဟုတ် မဟုတ်က မသေချာလို့ပါ။

တင်တဲ့သူက တောင်းပန်ပါတယ်ဆရာ လောသွားလို့ပါလို့ ပြန်ရေးတယ်။ နောက် ပုံပါတဲ့ပို့စ်မှာ စွယ်တော်လို့ပြင်ဖတ်ပေးပါလို့ ရေးပါတယ်။

အမှားပြင်ဆင်ချက်ဆိုတာ မြန်မာ့စွယ်စုံကျမ်းထုတ်တာမှာလည်းရှိတယ်။ အဲလိုပြင်ပေးတာ ကောင်းတယ်။ ကျွန်တော်လည်း ခဏခဏအမှားပါတယ်။ မှားမှန်းသိတိုင်း ပြန်ပြင်ပါတယ်။

မိတ္ထိလာကန်တော်အောက်က ဖားကောက်ခဲ့ပါ

ဆရာ မိထ္တီလာက ဆန်ခက် မပါဘူးလား။☺☺☺

အွန်လိုင်းမှာလိုက်ရှာတာ အကုန်လုံးလိုလိုမှာ မိထ္တီလာလို့ရေးကြတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) မှာ မိတ္ထိလာလို့သာ ရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး