Cyclone Brewing In Bay Of Bengal

ဘင်္ဂလားပင်လယ်အော် ဆိုက်ကလုန်းသတိပေးချက်

၂၁-၁ဝ-၂ဝ၁၆ နေ့ မွန်းလွဲပိုင်းကထွက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်နဲ့ မိုင်ပေါင်း ၁၂ဝဝ (ကီလိုမီတာ ၁၉၃ဝ) ဆက်စပ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းရှိနေတယ်။ မြန်မာပြည်အောက်ပိုင်းနဲ့ တဆက်တည်းမှာ အိန္ဒိယနိုင်ငံ အဒ်မန်ကျွန်းတွေမှာ နောက် ၂ ရက်အတွင်း မိုးသည်းပြီး Cyclonic storm ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ပါတယ်။

အခုအချိန်မှာ ကိုကိုးကျွန်းတောင်ဖက်က အိန္ဒိယပိုင် ပို့တ်ဘလဲယားရဲ့ အနောက်မြောက် ၄ဝဝ ကီလိုမီတာမှာ ဗဟိုပြုနေပါတယ်။ ရန်ကုန်မြို့နဲ့ ကီလိုမီတာ ၇၅ဝ ကွာတယ်။

လေတိုက်နှုန်း ၄၅ ကနေ ၆၅ ကီလိုမီတာရှိမယ်လို့ အိန္ဒိယမိုးလေဝသဌာနကဆိုပါတယ်။ အဲတာဟာ ၂ဝ၁၆ ခုနှစ် အတွင်းမှာ ပဌမဆုံးဆိုက်ကလုန်းဖြစ်ပါမယ်။ Kyant ကြံ့လို့ နာမည်ပေးထားပါတယ်။

မြန်မာနိုင်ငံသားတွေ သဘာဝဘေးက ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး