Sand Creek Born ယမားဘေး မွေးခဲ့တဲ့သူ

အရှေ့အရပ်က ပုလဲနယ်နဲ့ မြိုင်နယ်ကြားက တောင်ယမားချောင်းဘေးမှာ မွေးခဲ့ပြီး၊ အခုတော့ အနောက်ကမ္ဘာမှာ ရောက်နေရပြန်တယ်။

ဘယ်မှာနေနေ
သာတဲ့လ ကြွေကျတဲ့အရွက် ဖြာထွက်တဲ့နေ
အကောင်တွေ လူတွေ အပင်တွေ
အရောင်တွေ အမှောင်တွေ အလင်းတွေ

မသိနိုင်တဲ့ အတိတ်နဲ့နေခဲ့ရတဲ့ ငယ်ဘဝ
ငယ်ဘဝကို သိနေတဲ့ လက်ရှိဘဝ
လက်ရှိကို သိမှာမဟုတ်တဲ့ နောက်ဘဝ

အလှကိုကြည့် ငြိတွယ်မှုကိုတိ
အသိ
ယမားချောင်းထဲက ရေပါးပါးလောက်သာရှိ
ယမားချောင်းထဲက သဲများများလောက်လိုသေး၏။

(ပုံ = ဒီမှာရှိတဲ့ ဘုန်ကြီးကျောင်း ခြံစည်းရိုး)

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး