Monday, October 24, 2016

Ice and Heat ဒဏ်ရာရရင် ရေခဲတင်ရမှာလား အပူကပ်ရမှာလား

ဆရာ ကျွန်တော့်အသက်၂၀ပါ အမျိုးသားပါဆရာ။ ကျွန်တော်ဆိုင်ကယ်နဲ့လဲပြီး ချုပ်ထားတဲ့ဒဏ်ရာတွေ ရေခဲ ၁ နေ့ ၃ ကြိမ်လောက် ကပ်ပေးတယ်။ အဆင်ပြေလားဆရာ။ ရေခဲကပ်တာကောင်းပါလားဆရာ။ ဖြစ်တာက ၂၃ ရက်ရှိပါပြီဆရာ။ ဒဏ်ရာတွေကို Greenzhi တံဆပ် လင်ဇီးကထုတ်တဲ့ သွားတိုက်ဆေးလိမ်းပေးတယ်ဆရာ။ ဆိုးကျိုးရှိနိုင်လားဆရာ။
Greenzhi တံဆိပ်သွားတိုက်ဆေးက ထိခိုက်ရှနာအမျိုးမျိုးအပြင် ဝက်ခြံတင်းတိပ်တွေပါ ပျောက်တယ်လို့ ကြားဖူးတယ်ဆရာ။ ဟုတ်ပါသလားဆရာ။

၂၃ ရက်လား၊ ၂ ရက် ၃ ရက်လား။ မနေ့ကပဲ ကိုယ်ဝန်တားစားဆေးကို ထိုးလို့ရသလားမေးတယ်။ အခုလည်း သွားတိုက်စရာ အနာထည့်ရမလားမေးတယ်။ အဖြေကတော့ အတူတူပဲ။ မလုပ်သင့်ပါ။ အဲလိုအရပ်နည်းတွေမှာ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး သုတေသန မရှိပါ။

၂။ ဆရာ မင်္ဂလာပါနော်။ မနေ့ကချော်လဲ တာပေါင်မှာအသားကြေတယ်လို့ ဆရာဝန်ကပြောပါတယ်။ သောက်ဆေး ၂ ရက်ပေးပြီး မသက်သာရင်တမျိုးပြောင်းမယ်ပြောပါတယ်ဆရာ။ အဲ့ဒါဆေးနဲ့ မသက်သာရင် ဘယ်နည်းနဲ့ သက်သာနိုင်လဲ သိချင်လို့ပါဆရာ။ အမြန်သက်သာဖို့ ဘာတွေပြုလုပ်ရမလဲသိချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကျား-မ မသိပါ။ အသက် မသိပါ။ ဆရာဝန်ပြထားရင် ကောင်းပါတယ်။

ဆရာဝန်ပြထားပါတယ် အသက်၂၈ မိန်းကလေးပါဆရာ။

အမေးများတယ်။ နားလည်ရရှုတ်ထွေးတတ်တယ်။ ယေဘုယျမှတ်ပါ။
၁။ Ice is for injuries ထိခိုက်ဒဏ်ရာရရင် ရေခဲအုပ်ပါ။
၂။ Heat is for muscles ကြွက်သားနာရင် အပူကပ်ပါ။

• ထိခိုက်မိရင် ချက်ချင်းရေခဲ၊ ရေအေး၊ တင်ကပ်ပေးရင် ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေမယ်။ နာတာ၊ နီတာ၊ ရောင်တာ သက်သာစေမယ်။ ဒီဖြစ်စဉ်က သက်ရှိသဘာဝအလုပ်ပါ။ ဖြစ်ပါစေ။ ခံရတာသက်သာအောင်ပဲ လုပ်နိုင်တယ်။ ဆေးမလိုပဲ အတော်အသင့်သက်သာစေမယ်။
• ကြွက်သားကိုထိခိုက်တာဆိုရင် နာတာကတာရှည်တယ်။ အထူးသဖြင့် နောက်ကျောနဲ့ လည်ဂုတ်နေရာတွေ။ အပူပေးရင် အာရုံကြောတွေကို သက်သာစေမယ်။
• အပူပေးခြင်းကနေ ရောင်ရမ်းဖြစ်စဉ်ကို ပိုဆိုးစေနိုင်တယ်။ ရေခဲကနေ ကြွက်သားလှုတ်ခါမှုကို ပိုဆိုးစေနိုင်တယ်။ အပူတလှည့် အအေးတလှည့်ပေးရင် အဲဒီသက်ရောက်မှုခံရမယ်။
• အပူပေးတဲ့နေရာမှာ သွေးတွေပိုပြီး စီးလျှောက်လာမယ်။ အဆစ်တွေတင်းနေတာသက်သာမယ်။ ကြွက်သားလှုတ်ခါမှု နည်းမယ်။ တင်းတောင့်နေတဲ့ကြွက်သားမျိုးကို အပူကပ်ရေးတာကောင်းတယ်။ ရောင်ရမ်းဖြစ်စဉ်ကို အားပေးတယ်။
• Warm towel ရေနွေးတဘက်၊ ရေနွေးအပိသုံးနိုင်တယ်။ ကြွက်သားတွေကအလုပ်လုပ်ရရင် လက်တစ်အက်စစ် ဆိုတာထွက်တယ်။ အဲတာကိုရှင်းထုတ်ဘို့ သွေးပိုလျှောက်တာကောင်းတယ်။
• အအေးကပ်ရင် အေးတဲ့နေရာကိုထုံစေလို့ အနာသက်သာမယ်။ အရောင်လျှော့မယ်။ ရောင်ရမ်းဖြစ်စဉ်ကို နည်းစေမယ်။ Ice towel ရေခဲရေဆွတ်ထားတဲတဘက်၊ ရေခဲအိတ်သုံးနိုင်တယ်။ ပလပ်စတစ်အိတ်ထဲ ရေခဲတုံးထည့် သုံးနိုင်တယ်။ ရေခဲသေတ္တာ ခဲခန်းထဲမှာ ၅ မိနစ်ထားပြီးသုံးနိုင်တယ်။

၁။ လူကအေးချမ်းနေသူကို ရေခဲမသင့်ပါ။ ချွေးပြန်နေသူကို အပူမကပ်ပါနဲ့။
၂။ လောလောလတ်လတ်ဒဏ်ရာရနေတာကို အပူမကပ်ပါနဲ့။ ပိုဆိုးမယ်။
၃။ နာနေတဲ့ကြွက်သားနေရာကို ရေခဲမကပ်ပါနဲ့။ ကပ်တဲ့နေရာကို အပူမလောင်ပါစေနဲ့။
၎။ အပူပေးနည်းနဲ့ အအေးပေးနည်းတွေက အသင့်အတင့်သာ အထောက်အကူပေးပါတယ်။
၅။ Paracetamol/Tylenol/Ibuprofen စတဲ့ အနာသက်သာဆေးတွေက ရောင်တာကိုပါ သက်သာစေတယ်။

အားကစားပွဲတွေမှာ တွေ့ကြပါမယ်။ ထိခိုက်မိတဲ့နေရာကို ဆေးပန်းပေးတယ်။ အေးခဲစေတဲ့ ဖြန်းဆေးဖြစ်တယ်။ တချို့က ထုံဆေးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...