Oh dear Chindwin ချင်းတွင်းသို့

ချင်းတွင်းသည်
ဖြည်းညင်းသာယာ ငြိမ့်ညောင်းစွာစီးတတ်၏။
ကျောပေါ်တင်ပြီး လိုရာခရီးရောက်စေတတ်၏။

ချင်းတွင်းသည်
ဒေါမာန်ပွား ကမ်းပါးကျော်လွှားတတ်၏။
ဆာလောင်လာရင် သားကောင်ရှာတတ်၏

အို အသင်ချင်းတွင်း
အသင့်ဒေါသ လျော့ကျပါစေ။
အသင့်ဝမ်းမီး အပြီးငြိမ်းပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး