99-Word Stories ၉၉ လုံးသောစကား

စာသင်ကူနေတဲ့ကျောင်းကနေ ခုတလော ကျောင်းသားသစ်နဲ့အတူပြန်ဖြစ်ပါတယ်။ တိုင်းရင်းသားတယောက်ပါပဲ။ ထုံးစံအတိုင်း အင်္ဂလိပ်စာသိချင်တာ ၂ ခု၊ ၃ ခု နေ့တိုင်းရှာလာခဲ့လို့ ပြောထားပါတယ်။

အင်္ဂလိပ်စာအပြင် သုတဖြစ်စရာလေးတွေလည်းပြောပါတယ်။ နိုင်ငံရေး မေးတယ်။ အေ့း့ ဆရာအမြဲပြောတယ်။ နိုင်ငံရေးထဲဝင်လုပ်ဘို့၊ ဆရာ့ပါတီကိုထောက်ခံဘို့ ဆရာဘယ်သူ့ကိုမှမပြောဘူး။ နိုင်ငံရေးကိုတော့ သိအောင်လုပ်ထား။ အညာမခံရအောင်လို့။ ကျောင်းသားတိုင်းက သဘောတူတယ်။

ငြိမ်းချမ်းရေး ကနေ့ မေးတယ်။ အေ့း့ နှစ် ၆ဝ လောက်ဖြစ်နေတာကို ၆ လနဲ့တော့ မျှော်လို့မရဘူးပေါ့။ ဒေါ်စုက နိုင်ငံရေးလို ချဉ်းကပ်မှုသစ်နဲ့ အတတ်နိုင်ဆုံးကြိုးစားနေတယ်။ ဒါပေမယ့် လက်နက်ကိုင်နဲ့ လက်နက်ကိုင်တိုက်နေကြတာ။ အဲဒီနှစ်ဖက်လုံးကို ကျန်တဲ့သူတွေက ကောင်းကောင်းမသိနိုင်ဘူး။ ပြောရတာတော့ မကောင်းဘူး။့

နှုတ်တရာ စာတလုံး။ ၉၉ လုံးထဲမှာပါတာကို ခပ်တိုတိုပြောရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၆

Thidar Lwin အပေါ်ကစာ အကုန်နားလည်တယ်။ အောက်ဆုံးစာကြောင်း ဖတ်တယ်စဉ်းစားကြည့်တယ် ညံ့သည် စဉ်းစားမရ

Tint Swe မပြောတာကို မသိတာ ညံ့တာတော့မဟုတ်ပါ။ တချို့အရာတွေကို စာနဲ့ မရေးရ။ စကားနဲ့ပြောရတယ်။ တချို့အရာတွေကို စကားနဲ့တောင် မပြောရပါ။ အားနာတာလည်းဖြစ်နိုင်တယ်။ မပြောတာ မရေးတာက အကျိုးရှိနိုင်၊ ဒါမှမဟုတ် အကျိုးမနည်းစေပါ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး