Mom, Dad and Grands
Mom and Dad အမေအဖေကို သတိရကြသူများ
သူများတိုင်းပြည်တွေမှာ နှစ်ရှည်လများနေထိုင်ကြသူတွေ ဖူးစာပါတာနဲ့ အိမ်ထောင်ကျကြတယ်။ ကိုယ့်မိဘတွေ၊ ဆွေမျိုး သားချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ ခွဲခွါးပြီး နေထိုင်လုပ်ကိုင်ကြရတယ်။
ကျွန်တော်တို့ အခုနေရာအရောက်မှာ မြန်မာပြည်ကကွန်မြူနတီစုမိတဲ့အခါ မှတ်ချက်ပြုတဲ့စကားတခုရှိတယ်။ ဆရာတို့ကို မြင်ရင် အမေနဲ့ အဖေတို့ကိုသတိရတယ်တဲ့။ အဲလိုပြောတာ အိမ်ရှင်မသုံးယောက်ရှိပြီ။
ကနေ့ ဇနီးဖြစ်သူက ကချင်၊ ခင်ပွန်းက ရန်ကုန်သား၊ သားလေးတယောက်နဲ့အတူ လာပြီးကန်တော့ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆
Remembering Grands အဖိုးနဲ့အဖွား မရိုးနိုင်တဲ့စကား
မိသားစုနှစ်စုက အခုပဲလာကန်တော့ကြတယ်။ ဒေါ်မြမြအေးက ဆုပေးစကားဆိုပါတယ်။
တယောက်က အဲလိုဆုပေးတာမျိုး မကြားရတာကြာပြီအန်တီ။ ကျမတို့အဖိုးအဖွားတွေကို သတိရတယ်တဲ့။

Comments
Post a Comment