Old wives' tale မိန်းမကြီးများပုံပြင်

ဆရာ ကျွန်မအသက်က ၂၉နှစ်၊ ကလေး ၁ ယောက်အမေပါရှင့်။ ခုလည်း နောက်ထပ် ကိုယ်ဝန် လွယ်ထားပါသေးတယ်။ ပထမ ကိုယ်ဝန် က ခွဲမွေးထားတာဖြစ်တဲ့ အတွက် ခုဒုတိယကိုယ်ဝန်လည်း ခွဲမွေးရလားရှင်း။ ခွဲမွေးသော မိခင်များက ကလေးဘယ်နှစ်ယောက်ထိ မွေးလို့ ရပါသလည်းဆရာ။

LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာစာ ပို့လိုက်ပါတယ်။

ဆရာရှင့် ခွဲမွေးလူနာ ကလေးဘယ်နှစ်ယောက်ထိ ယူလို့ရပါသလည်း။

စာထဲမှာလည်းပါမယ်။ ၃ ယောက်။

နောက်ဆုံးသားအိမ်ထုတ်ဖို့အတွက် ၁ ခေါက်ချန်ထားရမယ်ဆိုတာ ဟုတ်ပါသလားဆရာ။ လူတယောက်မှာ ၄ ကြိမ်ထက် ပိုခွဲလို့မရဘူးဆိုတာဟုတ်ပါသလား ဆရာ။

ဆရာဝန်က ပြောတာလား

ဟုတ်ဘူးဆရာ။ ရှေးလူကြီးတွေ ပြောတာကြားမိလို့ ဗဟုသုတရအောင်မေးကြည့်တာပါဆရာ။

လူတယောက်နဲ့တယောက် မတူကြပါ။ လူနာတဦးချင်းကို ကြည့်ရမယ်။ ဆေးပညာမှာ ဥပဒေလို တသမတ်တည်း လုပ်မရတာတွေများတယ်။

ဟုတ် ကျေးဇူးပါ ဆရာ။

မိန်းမကြီးများပုံပြင်ဆိုတာ သူများတိုင်းပြည်တွေမှာလည်းရှိတယ်။ အမျိုးသမီးကြီးများ။ အရွယ်ကြီးတဲ့ ဇနီးကြီးများလို့ ဆိုလိုတာပါ။ အများအားဖြင့် မှားတာတွေ လူရီစရာဖြစ်တာတွေကိုဆိုလိုတယ်။ ခေတ်မီဆေးပညာတွေမထွန်းကားခင်က အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တာတွေဖြစ်တယ်။ အများအားဖြင့် အရွယ်ရောက်ခြင်း၊ လူမှုဆက်ဆံရေး၊ ကိုယ်ဝန်ဆောင်၊ အစာအာဟာရ၊ တိုင်းရင်းဆေး၊ အရပ်ဆေး စတာတွေပါတယ်။ ရှေးရိုးရာပုံပြင်တွေထဲမှာ ပါနေတတ်တယ်။ သမိုင်းမှာ ၁၆၁၁ ခုနှစ်က ဂျမ်းစ်ဘုရင် ဘိုင်ဘယ်ကို ထုတ်ဝေခဲ့တယ်။ အဲလိုနည်းတွေပါတယ်။

ရှေးလူကြီးတွေပြောခဲ့တာ တချိုကတကယ်မှန်တယ်လို့ သက်သေပြနိုင်တာတွေလည်းရှိတယ်။
• ပန်းသီးတနေ့တလုံးစားရင် ဆရာဝန်အားကိုးစရာမလိုပါ။
• ရေနွေးထဲစိမ်ပြီးချိုးရင် မျိုးဆက်ပွါးအားနည်စေတယ်။
• ကလေးမွေးရတာ ခက်ပြီး အချိန်ကြာနေရင် ယောက်ျားလေးမွေးမယ်။
• ကြက်စွပ်ပြုတ်က အားရှိတယ်။
• ကိုယ်ဝန်ဆောင်မှာ ရင်ပူတာဖြစ်ရင် အမွှေးများတဲ့ကလေးမွေးမယ်။
• ငါးစာတာ ဦးနှောက်ကောင်းစေမယ်။
• ချောကလက်စားရင် ရာသီလာလို့နာတာ သက်သာစေမယ်။
• အိပ်မပျော်ရင် သိုးဘယ်နှစ်ကောင်လဲ ရေတွက်ပါ။

သူများဆီက အယူအဆလွဲတဲ့ မိန်းမကြီးများပုံပြင် နမူနာတွေ
• လက်ဝါးအမွှေးပေါက်မယ်။
• ခြေမထောင်နေတာ သကြားဓါတ်နည်းလို့။
• အိုက်စခရင်မ်စားရင် အိပ်မက်ဆိုးတွေမက်မယ်။
• သွေးထွက်နေတဲ့အနာကို သွေးကုန်ထွက်အောင်စောင့်ပါ။
• လက်ဆစ်ချိုးရင် အဆစ်နာဖြစ်မယ်။
• နှလုံးခုန်မြန်တာ မိန်းမနဲ့တူလို့။
• ဗိုက်ပြည့်နေတုန်းရေကူးရင် ဗိုက်နာမယ်။
• ပီကေမျိုချမိရင် ဗိုက်ထဲမှာ ခုနစ်နှစ်အထိနေမယ်။
• အိမ်ထဲမှာ ထီးဖွင့်တာ ကံမကောင်းဘူး။
• နှာခေါင်းသွေးယိုတာ လိင်စိတ်ထလို့ (ကန်တော့ပါ)။
• ဖာသာအာသာဖြေခြင်းကနေ မျက်စိကွယ်မယ် (ကန်တော့ပါ)။

အခုထက်ပိုသိလာရင် ကနေ့အသိထဲက တချို့အကြောင်းအရာတွေလည်း အဲဒီစာရင်းထဲရောက်သွားနိုင်တယ်။

Myths လို့ခေါ်တဲ့ အယူအဆအလွဲအမှားတွေ ရေးပြီးတာ မနည်းတော့ပါ။
၁။ Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ
၂။ HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား
၃။ Mother’s words of wisdom အမေ့စကား
၎။ Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ
၅။ Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ
၆။ Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ
၇။ The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက်

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး