Rite and Respect
ဒီနှစ် သီတင်းကျွတ်မှာ မြန်မာ့ရိုးရာ အင်္ဂါစုံတယ်။
လူကြီးမိဘ ကန်တော့ကြတယ်။ မီးထွန်းကြတယ်။
ကလေးတွေ ယဉ်ကျေးမှုအမွေ ပေးဝေကြတယ်။
အင်ဒီယာနပိုးလစ်မှာ ဖိုးရွှေလသာတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆
Pay Respect to Elders
သူများတိုင်းပြည်မှာ မျက်နှာငယ်စရာမလိုတာ မြန်မာတွေရဲ့ယဉ်ကျေးမှု
ပြုခဲ့တဲ့ ရေစက်
သီတင်းကျွတ်လပြည့်နေ့မှာ မပျက်မကွက်
ရှေ့ဆက်မယ့် ရေစက်
ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆
Not Me ကန်တော့ခံသူများ
ဒေလီမှာ ကြာခဲ့ပေမယ့် သက်ကြီးပူဇော်ပွဲ မတက်ခဲ့ပါ၊
ဒီမှာတော့ မဝတ်တာကြာတဲ့တိုက်ပုံနဲ့ ကန်တော့ခံသူများထိုင်ခုံမှာ။
ဇာတာသက်က မရှောင်သာ၊
ချီးမွမ်းခံရတဲ့အခါ ဝမ်းသာမှုမှာ တုန်လှုပ်မှုမပါ၊
ကန်တော့ခံရတဲ့အခါ ပီတိဟာလည်း ထိုင်ခုံမှာကပ်နေလျက်ပါ။
ဝါကိုသာ ကန်တော့တာ့
ငါကို ကန်တော့တာ မဟုတ်ပါ့။

Comments
Post a Comment