သစ်သီးတလုံး ပန်းတကုံးနှင့်

၂-၄-၁၉၅၆ လူထုသတ်ပုံ

တနေ့ထက်တနေ့ လို့ရေးပါတယ်။ တစ်နေ့ထက်တစ်နေ့ မဟုတ်ပါ။ ပြည်သူလူထုတရပ်လုံး လို့ရေးပါတယ်။ တစ်ရပ်လုံး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

ပူဇော်ခြင်း

ပန်းကြာကလပ် ပေစာချပ်နှင့်
ဦးပျပ်ဝပ်စင်း ဘ,ခြေရင်းဝယ်
ဆံခင်း ပူဇော် ပါသတည့်း့။

သစ်သီးတလုံး ပန်းတကုံးနှင့်
နှလုံးကြည်နူး ဘ, ကျေးဇူးကို
ရှိခိုးတင်ကာ ဆပ်ပါပြီ့။

ငြိမ်းချမ်းရေးဟု့
ရင့်ကြွေးလေရာ ဘ, မေတ္တာသည်
ကမ္ဘာအနှံ့ ပျံ့စေသတည့်း့။

ကဗျာဆရာ ကြည်အောင်ရဲ့ သခင်ကိုယ်တော်မှိုင်း (၈၆) နှစ်ပြည့်မွေးနေ့ အမှတ်တရ ဖွဲ့ဆိုတဲ့ကဗျာကို ၃-၄-၁၉၆၂ နေ့ထုတ် လူထုသတင်းစာမှာ ဖေါ်ပြထားပါတယ်။

သစ်သီးတစ်လုံး ပန်းတစ်ကုံးနှင့် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး