The Widows မစ္စစ်ဆိုနီယာဂန္ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်
VOA ကမေးလို့ သူတို့နှစ်ဦးဆက်ဆံရေး သိသလောက်လေး ဖြေလိုက်ပါတယ်။ စာနဲ့တော့ ချရေးမထားဖြစ်သေးပါ။
မစ္စစ်ဆိုနီယာဂန္ဒီရဲ့ခင်ပွန်း မစ္စတာရာဂျစ်ဂန္ဒီနဲ့ ဒေါ်စုက အောက်စ်ဖို့ဒ်၊ ရာဂျစ်က ကင်းဘရစ် ထရီနတီကောလိပ်မှာ ကျောင်းနေကြတယ်။ အားလပ်ရက်မှာ အလည်အပတ်သွားကြတယ်။ မြင်းစီးထွက်ကြတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါ်ခင်ကြည်ဟာ ၂၄၊ အက်ဂဗာလမ်း၊ ဒေလီမြို့ကအိမ်မှာနေထိုင်ခဲ့တယ်။ အခုတော့ ကွန်ကရက်စ်ပါတီဌာနချုပ်လုပ်ထားပါတယ်။ ကျွန်တော် ၂-၃ ခေါက်ရောက်ဖူးပါတယ်။ အဲဒီအိမ်က ဒေါ်စုနေခဲ့တဲ့အခန်းမှာ အခု မစ္စစ်ဆိုနီယာဂန္ဒီရဲ့သား ရာဂျစ်ဂန္ဒီရုံးခန်းလုပ်ထားပါတယ်။
အရင်တခေါက် ဒေါ်စု အိန္ဒိယကိုလာစဉ်က မစ္စစ်ဆိုနီယာဂန္ဒီက ကွန်ကရက်စ်ပါတီဥက္ကဋ္ဌအနေနဲ့ဖိတ်ခဲ့တာပါ။ အခုတော့ ဒေါ်စုက ဆိုနီယာဂန္ဒီအိမ်အထိ လာလည်ပါတယ်။
မစ္စစ်ဆိုနီယာဂန္ဒီဟာ ဒေါ်စုလိုပဲ မုဆိုးမပါ။ အနေအထိုင်တည်ငြိမ်တယ်။ လူတွေလေးစားခံရတယ်။
ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၆
Photo from Alex Noveo

Comments
Post a Comment