မောင်ရေခဲ

ဘယ်သွားနေလဲ မောင်ရေခဲ
ကန်တော်ကြီးကို ကားနဲ့ဆို
ဘာသွားလုပ်လဲ မောင်ရေခဲ
လေညှင်းခံဘို့ ဆိုပါစို့
ဘာမြင်ခဲ့လဲ မောင်ရခဲ
အများသူငါ စုံလို့ဗျာ
ဘာမြင်သေးလဲ မောင်ရေခဲ
အပျိုအအို မြင်သဗျို
ဘာလုပ်သေးလဲ မောင်ရေခဲ
ကန်တော်တပတ် ခရီးထပ်
ဘယ်သွားသေးလဲ မောင်ရေခဲ
ညဈေးတန်းကို သွားသေးဆို
ဘာစားခဲ့လဲ မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်
ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ညဥ့်နက်သန်ကောင် မနေပေါင်။

မှတ်ချက် = ကန်တော်တစ်ပတ် မဟုတ်ပါ။

၁ဝ = တဆယ်

ကိုး တဆယ် ကြိုးစားမယ်။

(တစ်ဆယ် မဟုတ်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး