Fall Season အစိမ်းရောင်၏ အနိစ္စ

မြန်မာပြည်မှာ သစ်ရွက်တွေ စိမ်းစိုရာကနေ ခြောက်လာရင် ဝါ-ရွှေ-နီညို၊ အရောင်သာစိုတယ် အရွက်တွေမစိုတော့ပါ။ မလွဲမသွေ ကြွေကျကြတော့မယ်။

သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊့ (သျှင်ဥတ္တမကျော် တောလား)

ဒီမှာက အရောင်ပြောင်းလာပေမယ့် ချက်ချင်းမကြွေသေးပါ။ အရောင်တွေရော သစ်ရွက်တွေပါ စိုသေးတယ်။ တချို့က လိမ်မော်ရောင်၊ တချို့မှာ အဝါ၊ ညိုတာ နီတာ၊ ကြားကျတဲ့အရောင်တွေလည်းပါတယ်။ တပင်တည်းမှာကို အရောင်က စုံသေးတာ။

ဘယ်မှာဖြစ်ဖြစ် ဒီရာသီမှာ အစိမ်းရောင်တွေရဲ့ အနိစ္စသဘောဟာ ထင်ရှားတယ်။ ပြောင်းကြရ ကြွေကျကြရတယ်။

ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊့

ဒေါက်တာတင့်ဆွေ

Comments