Flame of Truth Relay

လွန်ခဲ့တဲ့ လေးနှစ်တိတိက နယူးဒေလီမှာ

Flame of Truth ခေါ်တဲ့ သစ္စာမီးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်တဲ့လှုပ်ရှားမှု စတင်ရာမှာ စကားပြောဟောခဲ့ရတယ်။ အိန္ဒိယနဲ့ တိဘက်က မိတ်ဆွေတွေနဲ့အတူဖြစ်ပါတယ်။ နောက်ခံက တိဘက်အလံ။ ဘေးမှာက အိန္ဒိယ အထက်လွှတ်တော် အမတ် ဆွာမိကြီးနဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ။ တိဘက်အမျိုးသမီးအမတ်လည်းပါတယ်။ နေရာက Janata Dal အိန္ဒိယ နိုင်ငံရေးပါတီတခုရုံး။

မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွဲလုပ်ခဲ့ကြတဲ့ အိန္ဒိယနဲ့ တိဘက်က မိတ်ဆွေတွေကို သတိရပါတယ်။

Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁၂
၁၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး