Ronaldo's disrespects Buddha on social media ရော်နယ်ဒို သတင်း

ဆရာ ကျန်းမာရေးနဲ့တော့မဆိုင်ပါဘူး။ ဆရာက နိုင်ခြားမှာပဲနေတဲ့သူမို့ မေးတာပါဆရာ။ ရော်နယ်ဒို က ဘုရား ခေါင်းပိုင်းပုံကို ပန်းခြံအလှဆင်သည့်တခုအနေနဲ့ ထားပုံရတဲ့ဘောင်ကို ခြေတင်နင်ထားတာတွေ့ရတဲ့ပုံ fb မှာ တက်နေတာတွေ တွေ့ရတယ်။ ဒါ Photoshot  လား၊ တကယ်လား။ တကယ်ဆိုရင်ကော ဆရာဘယ်လိုမြင်လဲဆရာ။ မဆီမဆိုင် လာမေးတယ် အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။

အခုသတင်းတက်လာတာ လွန်ခဲ့တဲ့ (၁၅) နာရီကစပါတယ်။ (၁၁) နာရီတုန်းက တခု၊ (၇) မိနစ်ကတခုလာတယ်။
၁။ Mirror.co.uk‎ - 15 hours ago = Cristiano Ronaldo's 'disrespects' Buddha on social media
၂။ AS English‎ - 11 hours ago = Cristiano Ronaldo OUTRAGES Buddhists after 'disrespectful' social media post
၃။ ESPN FC‎ - 7 mins ago= Real Madrid's Cristiano Ronaldo incurs social media wrath over Buddha photo

လေးစားမှုမရှိဘူးလို့ သတင်းခေါင်းစဉ်တပ်ထားတယ်။ Outrage နာကြည်းမှုနဲ့ Offence စော်ကားမှုလို့လည်း သတင်းထဲမှာ သုံးနှုန်းထားပါသေးတယ်။

ရော်နယ်ဒိုရဲ့ Facebook, Twitter နဲ့ Instagram မှာ ဖေါလိုးဝါး 244 သန်းရှိတယ်။ သူ့ထက်သာတာက Taylor Swift မှာ 246 သန်းရှိတယ်။

သတင်းထွက်လာပြီး (၉) နာရီအကြာ သူ့မှာ Instagram မှာ 1.4 million likes နဲ့ Facebook မှာ940,381 reactions ကွန်မင့်တွေ တက်ပါတယ်။ ဖေ့စ်ဘွတ်မှာ 47,677 ယောက်ကနေ Angry emoji စိတ်ဆိုးတဲ့အရုပ်တွေတင်တယ်။

ကျွန်တော် နယူးဒေလီမှာနေစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည့်ပုံကို ဘုရားဆင်းတုတော်ရဲ့ မျက်နှာတော်နေရာမှာ ဓါတ်ပုံပညာနဲ့အစားထိုးထားလို့ တရားဝင်ကန့်ကွက်ခဲ့ရတယ်။ အဲဒီဓါတ်ပုံအနုပညာရှင်က ပြန်ပြီးရှင်းလင်းပါတယ်။

အရင် ၃-၄ လလောက်လည်း အဲဒီဘောလုံးသမား ဘုရားခေါင်းရုပ်တု ဝယ်သွားတာကို သူတော့ ဗုဒ္ဓဘာသာဖြစ်ပြီဆိုပြီး ဂုဏ်ယူဝံ့ကြွားပြီးတင်ကြလို့ မဟုတ်တဲ့အကြောင်း ရေးရသေးတယ်။ အဲဒီရက်တွေက ဗုဒ္ဓဘာသာကိုနိုင်ငံရေးလုပ်ကြတာ ပူလောင်နေချိန်မှာ ဖြစ်ပါတယ်။

ကွန်မင့်မှာ အဲလို မဖွယ်မရာ မလေးမစားပုံကို လာမတင်စေလိုပါ။ တင်ရင်ဖျက်ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ