HIV Vaccine Trials ကာကွယ်ဆေးသစ် ထုတ်လုပ်ခြင်း

ဆရာခင်ဗျာ ပြီးခဲ့တဲ့နှစ်ကတည်းက ထိုင်းနဲ့အမေရိကန်ပူးပေါင်းပြီး HIV ကာကွယ်ဆေးစမ်းသပ်အောင်မြင်တယ်လို့ google မှာဖတ်ရတယ်ဆရာ။ အဲ့ဒီကာကွယ်ဆေးအကြောင်းကို ကျန်းမာရေးဌာနတွေရော NGO တွေရော ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းတာ HIV ကာကွယ်ဆေးအကြောင်းပြောဆိုတာ မတွေ့ရသေးပါဆရာ။ ကိုယ်သဘောနဲ့ကို ထိုင်းနိုင်ငံက အပြင်ဆေးခန်းတွေမှာ ထိုးလို့ရပါသလားခင်ဗျာ။ ကျေးဇူးပြု၍ ဆရာဖြေကြားပေးပါ။

ဆေးမှန်သမျှ ကာကွယ်ဆေးအပါအဝင် အသစ်ရှာဖွေတာမှာ အဆင့်ပေါင်းများစွာလုပ်ရပါတယ်။ ဓါတ်ခွဲခန်းကနေစတယ်။ ဖြစ်နိုင်ခြေကို ဆိုင်ရာပညာရှင်တွေကတွေရင် အကောင်တွေကိုစမ်းတယ်။ နောက် လူတွေကိုစမ်းတယ်။ လူတွေကို စမ်းတယ်ဆိုတာ မိမိသဘောအလျှောက် စမ်းသပ်ခံသူတွေကို စမ်းနိုင်ခွင့်ရှိတယ်။ အဲဒီအဆင့်အတွက် သက်ဆိုရင်ရာ FDA စတဲ့အဖွဲ့တွေဆီက ခွင့်ပြုချက်ရယူပြီးမှသာလုပ်ခွင့်ရှိတယ်။

ယူအက်စ်အေမှာ ၁-၇-၁၉ဝ၂ ကတည်းက ကာကွယ်ဆေးသစ်အတွက် ဥပဒေပြဌာန်းထားပါတယ်။ အဲဒီတုန်းက ကျောက်ကြီးရောဂါ ကာကွယ်ဆေးနဲ့ ဆုံဆို့နာကာကွယ်ဆေးတွေဖြစ်ပါတယ်။ ၁၉၄၄ မှာ The United States Public Service Act အက်ဥပဒေသစ်ထပ်လုပ်တယ်။ အဲတာတောင် ၁၉၅၄ ခုနှစ်မှာ ပိုလီယိုကာကွယ်ဆေး မတော်တဆမှု ဖြစ်တယ်။ Cutter incident လို့ခေါ်တယ်။ ဥရောပယူနီယန်နဲ့ တခြားတိုင်းပြည်တွေမှာ WHO စံသတ်မှတ်ချက်တွေအတိုင်း လိုက်နာပါတယ်။

Stages of Vaccine Development and Testing ကာကွယ်ဆေးသစ်ထုတ်လုပ်ခြင်းအဆင့်များ (ယူအက်စ်အေ)

၁။ Laboratory and Animal Studies ဓါတ်ခွဲခန်းနှင့် တိရစ္ဆာန်များစမ်းသပ်ခြင်း

(က) Exploratory Stage စူးစမ်းမှုအဆင့်မှာ ၂ နှစ်ကနေ ၄ နှစ်အထိကြာတတ်တယ်။

(ခ) Pre-Clinical Stage လူနာဆီမစမ်းမီအဆင့် ၁ နှစ်ကနေ ၂ နှစ်အထိကြာတတ်တယ်။

(ဂ) IND Application လျှောက်လွှာတင့်ခြင်းအဆင့် FDA ကနေ ရက်ပေါင်း (၃ဝ) အကြာမှာခွင့်ပြုသင့်တာကို ခွင့်ပေးတယ်။

၃။ Clinical Studies with Human Subjects စမ်းသပ်ခံလူနာတွေကိုစမ်းသပ်ခြင်းအဆင့်

(က) Phase I Vaccine Trials ပဌမဆင့်စမ်းသပ်ခြင်းမှာ လူပေါင်း ၂ဝ ကနေ ၈ဝ ကိုစမ်းတယ်။

(ခ) Phase II Vaccine Trials ဒုတိယအဆင့်စမ်းသပ်ခြင်း

(၈)  Phase III Vaccine Trials တတိယအဆင့်စမ်းသပ်ခြင်း

၎။ Approval and Licensure အတည်ပြုချက်ပေးခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း

၅။ Post-Licensure Monitoring of Vaccines လိုင်စင်ထုတ်ပးပြီးနောက် စောင့်ကြည့်ခြင်းအဆင့်

၆။ Phase IV Trials စတုတ္ထအဆင့်စမ်းသပ်ခြင်း

၇။ ၁၉၉ဝ ခုနှစ်မှာ VAERS စနစ်သစ်ကိုလုပ်လာတယ်။ Vaccine Adverse Event Reporting System ကာကွယ်ဆေး ဘေးထွက်သက်ရောက်မှုများ အစီရင်ခံခြင်းလုပ်တာဖြစ်တယ်။

သတင်းတွေကို ကျကျနနလေ့လာပါ။ သတင်းတင်တာ၊ သတင်းရှယ်တာ၊ ပေါ့ပေါ့ဆဆမလုပ်ပါနဲ့။ သတင်းထဲမှာ မြန်မာလို ကောင်းကောင်းရေးထားပါစေ၊ အင်္ဂလိပ်စာလုံးတွေပါနေပါစေ၊ အကိုးအကားနဲ့တူတာ ပါနေပါစေ၊ အဲဒီသတင်း ဘယ်ကနေ လာသလဲ၊ သတင်းတင်ပေးသူနဲ့ ရှယ်တဲ့သူတွေက ဘယ်အဆင့်ရှိ ပညာရှင်တွေလဲ လေ့လာပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၆
http://www.historyofvaccines.org/content/articles/vaccine-development-testing-and-regulation

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး