Liver disease and Diabetes အသည်းနဲ့ဆီးချို

သူ့မိခင် ဆီးချို + အသည်းအဆီဖုံးတာတွဲရှိနေလို့ အင်္ဂလိပ်လိုရေးပြီး အခုပဲမေးပါတယ်။ မေးနည်း စနစ်ကျပါတယ်။ ဒိအရင်ကလည်းမေးတာရှိလို့ ဖြေခဲ့ပါတယ်။ အဲတာက မေးနည်း စနစ်မကျပါ။

ဆီးချိုရောဂါကနေ ဘာကြောင့် အသည်းကိုရောဂါဖြစ်စေသလဲဆရာ။ ကျမဆိုလိုချင်တာက သောက်ဆေး ကြောင့်လား။ အဝလွန်လို့ အသည်းအဆီဖုံးလို့လား။ ရေးမှားရင်ခွင့်လွတ်ပါ။ မြန်မာစာကို သေချာမသုံးတတ်ဘူး ဆရာ။

မေးခွန်းစည်းကမ်အရပါ မေးပါရန်။ ကျား-မ-အသက် စတာတွေကို မသိပါ။

ကျမမေးချင်တာက ဖြစ်နိုင်ခြေပါ။ အနီးနားမှာ ဆေးချိုဆေးသောက်တဲ့သူက အစားမရှောင် ဆေးသာဆောင်နေတော့ ဖြစ်နိုင်ခြေကို သိချင်လို့ပါ။ မေးသာမေးချင်တာ ဘယ်လိုသုံးပြီး မေးရမန်းမသိလို့ပါ။

လူဦးရေရဲ့ ၇% လောက်မှာ ဆီးချိုရှိကြတယ်။ အမျိုးအစား (၂) က ၉ဝ-၉၅% နဲ့ အများဆုံးဖြစ်တယ်။ နောက်ထပ် အဲဒီရဲ့ ၄ ပုံ ၁ ပုံမှာလည်း မစမ်းသေးလို့ ဆီးချိုရှိနေကြမှန်းမသိတာ ရှိနိုင်တယ်။ သေဆုံးရခြင်းအကြောင်းတွေထဲမှာ ဆီးချိုက နံပါတ် (၆) နေရာမှာရှိတယ်။

ဆီးချိုရှိနေသူတွေ ဘာကြောင့်သေဆုံးရသလည်း။ အသည်းရောဂါကြောင့်က ထိပ်ကဖြစ်တယ်။ အသည်းခြောက်တာက ၄့၎% နဲ့ ဆီးချိုရှိသူတွေ သေဆုံးရခြင်းအကြောင်းရင်း နံပါတ် (၄) ဖြစ်တယ်။ လေဖြတ်သလို ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်းလည်း အကြောင်းခံတခုဖြစ်တယ်။ အသည်းခြောက်တာက ဆီးချိုရှိသူတွေ သေဆုံးရသူတွေထဲမှာ ၁၂့၅% ရှိတယ်။

ဆီးချိုရောဂါဟာလည်း အသည်းခြောက်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ Cryptogenic cirrhosis အသည်းခြောက်တာကို အများဆုံးဖြစ်စေတယ်။ အသည်းအစားထိုးရသူတွေရဲ့ ၃ ပုံ ၁ ပုံဟာ အဲတာကြောင့်ဖြစ်တယ်။

အသည်းရောဂါဆိုတာ Liver enzymes အသည်းအင်ဇိုင်းမ်တွေမူမှန်မဟုတ်ခြင်း။ Nonalcoholic fatty liver disease (NAFLD) အရက်နဲ့မဆိုင်ပဲ အသည်းခြောက်ခြင်း။ Cirrhosis အသည်းခြောက်ခြင်း၊ Hepatocellular carcinoma အသည်းကင်ဆာနဲ့ Acute liver failure ရက်တိုအသည်းအလုပ်မလုပ်နိုင်ခြင်းတွေကိုပြောတာဖြစ်တယ်။ ဆီးချိုနဲ့ Hepatitis C အသည်းရောင် (စီ) တွဲ တွေ့ရပေမယ် ဘယ်လိုဆက်စပ်နေသလည်းရှင်းမပြနိုင်သေးပါ။

အသည်းခြောက်သူတွေထဲမှာ ဆီးချိုပါတွဲဖြစ်နေသူ ၁၂့၃-၅၇% ရှိတယ်။ အချုပ်ကတော့ (က) ဆီးချိုရှိနေသူတွေမှာ အသည်းရောဂါတခုခုဖြစ်လာဘို့အခွင်းအလမ်းများတယ်။ (ခ) အသည်းရောဂါရှိနေသူတွေမှာလည်း ဆီးချိုဖြစ်လာဘို့ အခွင့်အလမ်း များတယ်။

ဆီးချိုရော အသည်းရောဂါပါတွဲရှိနေရင် ထိန်းရတာခက်တယ်။ ဆေးတွေအပေါ်သက်ရောက်မှုမတူလို့ဖြစ်တယ်။ ဆီးချို ရှိနေသူတိုင်း ကိုယ့်အသည်းကိုပိုပြီးစောင့်ရှောက်ကြရမယ်။ အရက်မသောက်တာနဲ့မလုံလောက်ပါ။အရက်နဲ့မဆိုင်တဲ့ အသည်းအဆီများတာဖြစ်နိုင်သေးတယ်။ ဒီရောဂါက ဆီးချိုအမျိုးအစား (၁) ထဲမှာတဝက်ဖြစ်ပြီး (၂) မှာ တဝက်နီးပါး ဖြစ်လာတယ်။

လူအဝလွန်သူတွေ၊ (ကိုလက်စထော) များသူတွေနဲ့ သွေးတိုးရှိနေသူတွေမှာလည်း Nonalcoholic fatty liver disease အရက်နဲ့မဆိုင်တဲ့ အသည်းအဆီဖုံးတာ ဖြစ်ဘို့ များတယ်။ Fatty liver disease အသည်းအဆီဖုံးတယ်ဆိုတာ ဘယ်လိုမှ မခံစားပဲလည်းရှိနေနိုင်တယ်။ အသည်းအဆီဖုံးတယ်ဆိုတာရှိနေသူတွေမှာလည်း ဆီးချိုထပ်ဖြစ်လာစသလား ဆက်စပ် စဉ်းစားနိုင်တယ်။

Fatty liver disease အသည်းအဆီဖုံးတာ ကာကွယ်ဘို့ -
• Blood sugar သကြားဓါတ်ထိန်းပါ။
• Lose weight ကိုယ်အလေးချိန်များရင်လျှော့ပါ။
• Blood pressure သွေးတိုးထိန်းပါ။
• LDL or bad cholesterol နဲ့ triglycerides မကောင်းတဲ့ (ကိုလက်စထော) နည်းပါစေ။
• Alcohol အရက်မတည့်ပါ။
• Liver function test အသည်းစစ်ဆေးမှုလုပ်ပါ။

1. A1C test ဆီးချိုအတွက် http://doctortintswe.blogspot.com/2014/12/a1c-test.html
2. Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/2015/01/blood-sugar-levels.html
3. Cirrhosis အသည်းခြောက်ရောဂါ  http://doctortintswe.blogspot.com/2014/11/cirrhosis.html
4. Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/2014/10/diabetes-type-1-cure.html
5. Diabetes ဆီးချို http://doctortintswe.blogspot.com/2015/02/diabetes.html
6. Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
7. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
8. Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း http://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html
9. Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို http://doctortintswe.blogspot.com/2015/12/gestational-diabetes.html
10. Liver disease and Diabetes အသည်းနဲ့ဆီးချို http://doctortintswe.blogspot.com/2015/05/liver-disease-and-diabetes.html
11. Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
12. Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/2015/01/yogurt-reduces-diabetes-risk.html

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၅
၂-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး