ရှေးကျတာ မှားသလား

၁။ Myo Chit ဆရာ့ရဲ့ စာလုံးပေါင်းသတ်ပုံ အယူအဆက ရှေးနည်းနည်းကျသလိုပဲနော်၊ အထင်ပြောတာပါ။

၂။ Mg Thunnya Thunnya ကျန်းမာရေး နှင့် ကျမ္မာရေး သတ်ပုံဆွေးနွေးပေးပါလားဆရာ

သတ်ပုံဟောင်းတွေကို လွယ်ကူရှင်းလင်းအောင်နဲ့ မူလအဓိပ္ပါယ်ကိုလည်းမပျက်စေအောင်ပြောင်းလဲပြီး အများက လက်ခံရေးသားနေတဲ့ သတ်ပုံအချို့ရှိပါတယ်။ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး။

စွယ်စုံကျမ်းထဲပါ သတ်ပုံနဲ့ စာလုံးပေါင်းတချို့ကိုလည်း အခုမသုံးကြတော့ပါ။
- ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ
- ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား
- ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား
- ယန်ဆီမြစ် = ယန်စီမြစ်လို့ပေါင်းတာများတယ်။
- ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို
- ဗဲလဂျီယမ် = ဗယ်လဂျီယန်
- ကွန်မျူနစ် = ကွန်မြူနစ်
- တီဗီရောဂါ = တီဘီရောဂါ
- ဗုဇွန် = ပုစွန်
- ဥာဏ် = ဉာဏ်

ဗယုတ်သုက်ခနဲ့ ဗယုသုက္ခကို ဗရုတ်သုတ်ခလို့ ရေးလာကြတယ်။ ကနေ့ထုတ်ဝေနေတဲ့ သတ်ပုံစာအုပ်တွေ၊ အဘိဓာန်တွေမှာ သမ္မတလို့ရေးတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃၊ စာမျက်နှာ ၁၈-၂၁ မှာ (သမတ) လို့သာ ပေါင်းပါတယ်။ လွယ်တာကို ခက်အောင်လုပ်တာဖြစ်တယ်။

ခက်တာကို အဓိပ္ပါယ်မပျက် လွယ်ကူတာပြောင်းရေးတာကိုသာ ခေတ်ကာလအရပြောင်းတာလို့ ခေါ်ပါတယ်။ လွယ်နေတာကို ခက်အောင်လုပ်တာ မမှန်ပါ။ ဥပမာ တခါတရံကို တစ်ခါတစ်ရံ၊ တသိန်းကို တစ်သိန်း။ အဲလိုဥပမာ အကောင်းစားတွေ တရာကျော် (တစ်ရာကျော် မဟုတ်) ပေးထားပြီးပါပြီ။

ရှေးကျတိုင်း မမှားပါ။ ခေတ်ဆန်တိုင်းလည်း အကုန်မမှန်ပါ။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်နေကြတယ်။ ခက်သည်ကို လွယ်စေလော့၊ မှားတော့ မမှားစေနဲ့။ သတ်ပုံမှားတွေကို ရောင်းမစားပါနဲ့။ လူကြီးမင်းတို့ရဲ့ အဖိုးအဖွားတွေကို ဆွေမျိုးအဖြစ်က မစွန့်လွှတ်ကြစေလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)