Double headed train ခေါင်းနှစ်လုံးနဲ့ ရထား

၁။ တားဆေးဖျက်လိုက်တာလို့ရေးတာက ကိုယ်ဝန်ဖျက်သလား စဉ်းစားရတယ်။ ဆေးဖြတ်လို့ရေးမှသာ ဆေးကို ဆက်မသောက်တော့တာဖြစ်ပါတယ်။

၂။ ဖြက်နေတယ်လို့လည်း မှားရေးကြတယ်။ ဖြက်ဆိုတဲ့အသုံး မရှိပါ။ ဖျက်လို့ရေးမှသာ ဖျက်ဆီးတယ်လို့ အဓိပ္ပါယ် သက်ရောက်မယ်။

၃။ ကရုဏာကိုတော့ အတော်များများမှားကြတယ်။ ဗိုင်နဲလ်နဲ့ အသင်းတံဆိပ်လိုဂိုမှာ မှားတာကတော့ မဖြစ်သင့်ပါ။

၎။ သားလေးရဲ့ ဘယ်ဘက်မျက်လုံးက နဲနဲဆွေသလိုဖြစ်နေတယ်။ မျက်စိစွေလို့ ရေးရပါတယ်။

၅။ သမီးနေမကောင်းလို့ ကလေးကို နို့ဆက်တိုက်လို့ရသလားကို ဖတ်ရင် မေးတဲ့သူ နေမကောင်းတာလား၊ မေးတဲ့သူရဲ့ သမီးကနေမကောင်းတာလားလို့ စဉ်းစားရပါတယ်။ အချိန်ကုန်စေတယ်။ 

နှစ်တို သမီး-သားရောဂါနဲ့ နာတာရှည် အဘရောဂါကိုချွတ်ဖို့ ကြိုးစားနေပါတယ်။ သတ်ပုံမှားကပ်ရောဂါကိုလည်း ကြိုးစား ပြုပြင်နေပါတယ်။ စိတ်မပျက်ပါ။ ပြင်လာသူတွေလည်းတွေ့ပါတယ်။ ကောင်းတယ်။ ရှေ့ခေါင်းတွဲမကောင်းရင် နောက်ခေါင်းတွဲနဲ့ ဆွဲရမယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၇
Photo = A double headed steam excursion train in Iowa, September 2006

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး