B-Daddy ဆေး

ဆရာ ကျွန်တော်အသက် ၃၈ နှစ်မှာအိမ်ထောင်ကျပါတယ်။ ကျွန်တော်မိန်းမက ၂၆ နှစ်ပါ။ အတူနေတာ ၄ လလောက်ရှိပါပြီ။ ကျွန်တော် သုက်အားနည်းတယ်ထင်ပါတယ်။ သုတ်အားကောင်းဆေးပေးပါတယ်။ ကလေး အမြန်လိုချင်ပါတယ်။ ဘယ်လိုနေရမယ်၊ မိန်းကလးက ဘာဆေးတွသာက်ရမယ်၊ ဘာတွေစားရမယ်၊ ဘာဆေးသာက်ရမယ်၊ ဘာစားရမယ် ညွှန်ပေးပါခင်ဗျာ။ သုတ်အားကောင်စေဖို့ ညွှန်သောဆေးပါ။ ကျွန်တော် သုက်ပိုးစစ်ထားတဲ့ အဖြေပါဆရာ။

ဆေးစစ်ချက်မှာ သုက်အခြေအနေ ကောင်းပါတယ်။ မေးတဲ့သူမှာ သုက်ကြောင့် ကိုယ်ဝန်မရစရာ မရှိပါ။ သုက်အားဆိုတာ ဆေးစစ်ချက်ကိုသာကြည့်ရတယ်။ စိတ်ကထင်နေတာ မမှန်တတ်ပါ။ သုက်ထုထည်အရေးမကြီးလှပါ။ မေးတဲ့သူ စိတ်ဖိအားလျှော့ချပါ။ စိုးရိမ်စိတ်နည်းပါစေ။

ပုံထဲပါဆေးက ဥရောပမှာရောင်းတဲ့သုက်အားကောင်းဆေးလို့ဆိုပါတယ်။ Pharma Nord B-Daddy ဆေးထဲမှာ Selenium နဲ့ coenzyme Q10 ဆေး ၂ မျိုးပါတယ်။ ယူကေမှာ ၁ဝ-၁၅% အတွဲတွေမှာ ကလေးမရကြပါ။ သူတို့ထဲက ၅ဝ% မှာ ခင်ပွန်းတွေသုက်အားနည်းကြတယ်။ အဲတာကိုရည်ရွယ်ပြီး ဒီဆေးရောင်းတာဖြစ်တယ်။ တနေ့ ၂ လုံး သောက်စေတယ်။ မေးတဲ့သူ ဝယ်ပြီးသားဆိုရင်သာသောက်ပါ။ သုက်အားအတွက် ဆေးမလိုပါ။

စာတပုဒ်ပို့ပါတယ်။ လိုတာကိုလိုက်နာလုပ်ဆောင်ပါ။ ကျန်းမာပါစေ။ သားသမီးရတနာတွေထွန်းကားပါစေ။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://dts-medicaleducation-adult.blogspot.in/2012/03/facts-to-get-pregnant.html

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး