Banyan tree ညောင်ကုသိုလ်

၂၆-၉-၂ဝ၁၄
နယူးဒေလီကနေ မရရအောင်သယ်ယူလာပြီး၊ အင်ဒီယာနာပိုးလစ်က ဘုန်းကြီးကျောင်းပို့ထား ကိုးကွယ်တဲ့ မဟောဗောဓိ ညောင်ပင်နှစ်ပင် ရာဇဝင်ဆက်ရေးပါရစေ။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိညောင်ပင်ကြီးကနေ ဦးဇင်းတပါးက ပျိုးစိုက်ထားပါတယ်။ ဆရာဝန်ဆိုတာမျိုးက ဘုန်းကြီးတွေဆီကနေပါ အလှူခံတတ်တယ်။ အင်ဒီယာနာပိုးလစ်အထိ သိုသိုသပ်သိပ် တကူးတကယူလာခဲ့ရပါတယ်။ လေယာဉ်မတင်ခင် သယ်ယူဘို့ရာ ထုပ်ပိုးတာမှာ နေရာကျဉ်းအောင် ပင်စည်ကနေဖြတ်၊ ကိုင်းတွေလဲဖြတ်၊ အရွက်တွေပါ သတ်လိုက်တယ်။ နာရီနှစ်ဆယ်လောက်ခရီးကို ပစ္စည်းထားသိုခန်းမှာထားရမှာမို့ အနည်းဆုံးတော့ ညောင်ပင်လေးခင်မြာ လေရပါစေဆိုပြီး၊ ပလပ်စတစ်ပုံးအဖုံးကို အပေါက်ဝိုင်းလေးတွေ စီစီညီညီဖေါက်ပေးရတယ်။
၂၁-၁၁-၂ဝ၁၄

၂၆-၉-၂ဝ၁၄
ခရီးဆုံးရောက်တဲ့နောက်နေ့မှာ သမီးနဲ့သူ့ခင်ပွန်းတို့က ဝယ်လာပေးတဲ့ပန်းအိုးထဲမှာ မြေဆွေးနဲ့စိုက်လိုက်တယ်။ နေ့တိုင်း အရိပ်ကြည့်နေရတယ်။ အခန်းကကျဉ်းလို့ အပြင်မှာသာထားရတာ ကိုယ့်သားသမီးကို တခြားနေရာမှာ သိပ်ထားရသလိုပဲ။ စိတ်မချနိုင်ပါ။ တလနေတော့ အခန်းထဲသွင်းလိုက်ပါတော့တယ်။

၂၁-၁၁-၂ဝ၁၄
တလခွဲအရမှာ အစို့အညှောက်လေးတွေ စထွက်လာတယ်။ ထွက်လာကြတဲ့အရွက်လေးတွေဟာ ရွှန်းစိုလဲ့နေကြတယ်။ စိမ်းစိုမှည့်နေကြတယ်။ မြင်တဲ့သူကို အားသစ်တွေဖြစ်စေတယ်။ ညောင်ပင်ရဲ့ မျိုးဗီဇကလဲ မှန်တယ်မဟုတ်ပါလား။ မကြာခင်မှာ သရဏမဉ္စူကျောင်းကို ပို့လိုက်ပါတယ်။

၂၁-၂-၂ဝ၁၆
၎-၁ဝ-၂ဝ၁၅
မနှစ်ကဆောင်းမှာ ရာသီဥတုအေးတာကိုမခံနိုင်လို့ ညောင်ပင်လေးတွေမှာ အရိုးပင်စည်သာကျန်တော့တယ်။ သွားရှာပြီလို့ အောက်မေ့လိုက်ပါတယ်။

၆-၁-၂ဝ၁၆
ဆောင်းကုန်ပြီးတော့ ဗောဓိညောင်နှစ်ပင် ပြန်လည်ရှင်သန်လာလို့ ဝမ်းသာနေခဲ့ရပြန်တယ်။

၂၁-၂-၂ဝ၁၆
ကနေ့ ဘုန်းကြီးကျောင်းရောက်တယ်။ ထမနဲထိုးပွဲအတွက်စည်းဝေးကြတာပါ။ ညောင်ပင်လေးနှစ်ပင်ဟာ ခူးစားရတဲ့ အရွက်ပင်နဲ့ တူနေတယ်။ အပင်ခြေကနေ အစို့သစ်လေးတွေအစီအရီနဲ့မို့ စိမ်းလို့စိုလို့။

၎-၁ဝ-၂ဝ၁၅
ညောင်ပင်ကို ရှေးကတည်းက ယဉ်ကျေးမှုအမျိုးမျိုးမှာ အယူအဆနဲ့ အယူအစွဲတွေရှိခဲ့ပါတယ်။ ဟင်ဒူဘာသာမှာ ညောင်ရွက်ပေါ်မှာ ခရှစ်ရှနာဘုရားက နားနေပါသတဲ့။ ဘဂဝါဗတ်ဂီတထဲမှာ ခရစ်ရှနာကနေ စောက်ထိုးဖြစ်နေတဲ့ ညောင်ပင်ကို မြင်သူဟာ ဝေဒကိုသိသူဖြစ်တယ်တဲ့။ ဖိလစ်ပိုင်မှာ ညောင်ပင်ကို မကောင်းဆိုးဝါး ဝိဥာဉ်တွေ စုဝေးနေတယ်လို့ ယုံကြည်ကြတယ်။ ကျွန်တော်တို့တတွေ ညောပင်တစ္ဆေ ဝေလေလေ လုပ်ကြသလိုနေမယ်။ ဝီကီပီးဒီးယားထဲမှာတော့ ညောင်ပင် = နိဂြောဒ (Nigrodha) လို့သာပါပေမဲ့ ဘုရားဖြစ်တော်မူရာလို့ ထည့်မထားပါ။ ဖြည့်နိုင်သူက ဖြည့်လိုက်စေချင်ပါတယ်။

ဗောဓိညောင်ပင်အတွက် အဆင့်ဆင့်ကောင်းမှုပြုပေးကြသူတွေအားလုံး ညောင်ပင်ကြီးတမျှ ကုသိုလ်တွေ ရကြပါစေသောဝ်။     ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး