FB junk စုံစီနဖါ ဖေ့စ်ဘွတ်မှာ

ကွန်မင့်တွေမှာ တခါတခါ ဘာလည်းမသိဘူး။ ရေးတာတော့ အကောင်းရေးတာပါ။ ဆရာ့ကို အမြဲအားပေးနေပါတယ်တဲ့။

ကျွန်တော်က စင်ပေါ်မှာဖြေဖျော်နေသူလိုလို။ ဈေးလည်ရောင်းနေသူလိုလို။

မေးတဲ့သူတချို့ကလည်း ဖြေပေးပါလားဟင်တဲ့။ အဖြေရသူတချို့ကလည်း ကျေးဇူးပါတယ်နော်တဲ့။ တချို့လည်း အဆုံးမှာ လို့စ်တဲ့။

သူတို့ကမ္ဘာမှာ သူတို့လိုအရွယ်တွေသာရှိတယ်လို့ အောက်မေ့ကြသလား မပြောတတ်ဘူး။

Junk ကို (အားနာလို့) စုံစီနဖါလို့သာ ဘာသာပြန်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး