Mosquito bite (2) နောက်ခြင်တကောင် ကိုက်ပြန်ပြီ

ကျွန်တော် ခြင်နှိမ်နင်းရေးစာ ၂ ပုဒ်မကြာသေးခင်က ရေးတင်ပါတယ်။ ဗီတာမင်ဘီ-ဝမ်းဆေးပြားသုံးတာ အဆင်ပြေသူတွေက ပြေတယ်လို့ပြောသလို နည်းနည်းကတော့ ကျွန်တော့်ကို အသားလွတ်အပုပ်ချပါတယ်။ တယောက်က ခြင်ပြေးနည်းလက်တွေ့မကျတာကို အချက်အလက်နဲ့ထောက်ပြတာမဟုတ်ပဲ NLD ကို သက်သက်မယ့် အပြစ်တင်နေသူကနေ ရေးတာပါ။

အခုတခုထပ်တိုးပါတယ်။ ဖရင်းတယောက်ကပို့ပေးတာပါ။

Khin Gyaw ဆရာ့ကို နောက်ခြင်တကောင်ကိုက်ပြန်ပြီ့
https://m.facebook.com/story.php?story_fbid=986949704716234&id=100002036403855

ပို့ပေးတာကို ဖတ်တော့ ဘီဗစ်တွေ ရက်ကုန်ခါနီး ရောင်းမထွက်ရင် ခြင်ပြေးတယ်ပြောလိုက်။ ကျောက်ဖရုံသီးတွေ ဝယ်သူမရှိရင်၊ ပုတ်ကုန်မယ်ဆိုရင် မိုကြိုးလွှဲလုပ်ချခိုင်းလိုက်။ မြေကွက် ပြန်သိမ်းချင်ရင် မတော်တဆ သန်းခေါင်ယံ မီးရှို့လိုက်။ ပြိုင်ဖက်စီးပွါးရေးသမာ ကုလားကို လှဲချင်ရင် ဘာသာရေးနဲ့ ရန်တိုက်လိုက်။ ပြိုင်ဖက်စီးပွါးရေးသမား တရုပ်ကိုတော့ သွားမစမ်းလိုက်နဲ့နော် ခံသွားရမယ်လို့ရေးထားတာတွေ့ရပါတယ်။

သိအောင်ပို့ပေးသူကို အဲဒီပို့စ်တင်တဲ့သူကိုသိလားလို့မေးတော့ မသိပါတဲ့။

သူ့ကို ဆရာသိပါတယ်။ သူက ကနေဒါမှာနေတယ်။ ဟိုအရင်တုံးက NLD ဖက်ကနေတယ်။ နောက် NLD/LA မှာ။ နောက်ဆုံးကတော့ ရိုဟင်ဂျာအရေးဖက်ကနေ အတော်ရေးနေသူဖြစ်ပါတယ်။

ဗီတာမင်ဘီ-၁ ကို သက်တမ်းကုန်းချိန်ကြောင့်လို့တွေးတာကို အတော်ကို (အတော်ကို) အံ့သြမိပါရဲ့။ ပြည်တွင်းမှာ ဘီ-ဝမ်းကို ဘီဗစ်လို့ရောင်းတာ မသိပါ။ ဆေးတွေ ရက်ကုန်ခါနီး ရောင်းမထွက်ဖြစ်နေတာလည်းမသိပါ။ ခြင်ဆေးရေးရတာ မလွယ်ပါလားဗျာ။ ဒီခြင်ကတမျိုး။ ခြင်ကြားမဟုတ်ဖူး။ ခြင်ဂျာ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး