Poetry ကာရံပါ ကဗျာမဟုတ်

• ကျွန်တော် စာတိုတိုလေးတွေရေးတာကို ကဗျာလို့မပြောပါ။ အသံတူကာရံရှာရေးတတ်ပေမဲ့ ကဗျာတန်းမဝင်ပါ။
• အစဉ်အလာကဗျာတွေမှာ Aesthetic ရသပါပြီး၊ Rhythmic စည်းချက်ဝါးချက်မိရတယ်လို့တော့ ဖတ်ဖူးပါတယ်။ Phonaesthetics သာယာနာပျော်ဖွယ်ဖြစ်မှု (ပြောင်းပြန်ဖြစ်မှု)၊ Sound symbolism အသံထွက်ဆင်တူမှုနဲ့ Meter စာလုံးအရေအတွက် (ဥပမာ ၄-၃-၂)၊ Metrical patterns အသံ (အဓိပ္ပါယ်) အနိမ့်အမြင့်လည်း ပါတယ်လို့ ဖတ်ရဘူးပါတယ်။
• ရေးနည်းဥပဒေသတွေကိုလည်း နည်းနည်းသာသိပါတယ်။ ဖတ်ဖူးတာနဲ့ လိုက်လုပ်တာမတူပါ။
• ကျွန်တော်က ကဗျာဆရာဖြစ်ချင်သူလည်း မဟုတ်ပါ။ ကိုယ်ရေးချင်တာကို ဖတ်တဲ့သူမှာ စွဲထင်ကျန်စေဘို့တော့ ကြိုးစားပါတယ်။ အသိပညာပေးရေးတာမို့ မှတ်မိနေစေချင်တာပါ။
• နွေနဲ့ ထနှောင်း နှစ်လုံးထဲမှာ အသံနဲ့မဟုတ်ပေမဲ့ လိုက်ဖက်မှုကာရံပါတယ်။ ဆောင်းနဲ့ မန်ကျည်းလည်းအဲလိုပဲ။  အဲတာမျိုးကိုတော့ ရေးချင်တယ်။

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၄
Photo from Nay LA

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး