The Summer Tree လက်ပံ၏တန်ဖိုး

- လက်ပံသည် တောဇာတိဖြစ်၏။ တောသားတွေက လွမ်းကြ၏။
- လက်ပံမှာ ပကာသနမရှိ။ ငွေကြေးမရှိသူတွေက တသသဖြစ်ကြ၏။
- လက်ပံသည် ပူလောင်ချိန်မှာပွင့်၏။ အပူသမားတွေကို လောင်မြိုက်စေ၏။
- လက်ပံသည် ကဗျာဆန်၏။ စာတတန်ပေတတန်ဖွဲ့နွဲ့ကြ၏။
- လက်ပံသည် ရဲရဲနီ၏။ တော်လှန်ရေးသမားတွေကို သတ္တိမွေးပေး၏။

- လက်ပံပွင့်သည် အလကားရ၏။ ဤသို့သောစေတနာကို ကျွန်ုပ်အလွန်တန်ဖိုးထား၏။
- လက်ပံသည် အပင်ကြီးသော်လည်း အပွင့်ကိုကြွေချပေး၏။ ဤသို့သောခေါင်းဆောင်မျိုးကို ကျွန်ုပ်အလွန်လေးစား၏။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၆
ဓါတ်ပုံ Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး