VOA အင်တာဗျူး

ဝန်ကြီး ဦးရဲထွဋ် = တကယ်တော့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား (၂) ယောက်နဲ့ ချွေးမရှိမယ် ဆိုရင်၊ ချွေးမ (၂) ယောက်၊ လူ (၄) ယောက်ပဲ မြန်မာနိုင်ငံသားခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားမှာပါ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေလာတွေလည်း ပြင်ဖို့ မလိုပါဘူး။ အဲဒီတော့ လူ (၄) ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာကတော့ ပိုပြီးတော့ကောင်းတာပေါ့ဗျာ။ ဒါကြီးကို အဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးလို့ ပြောဖို့တောင် မလိုပါဘူး။ တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာလိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ယုံပါဘဲ။

ကျွန်တော့်အမြင်
၁။ လက်ရှိသမတရဲ့အကြံပေးဝန်ကြီးကနေပြောလိုက်တာဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။
၂။ ဒါလည်းပဲ ဦးကိုနီစတဲ့ပုဂ္ဂိုလ်တွေပြောသလို ၅၉ (စ) ဆိုင်းငံရေးလိုပဲ ရှာဖွေယူတဲ့နည်းလမ်းတခုဖြစ်တယ်။ ကွဲလွဲပေမယ့် နည်းလမ်းရှာတာသာဖြစ်တယ်။
၃။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုရေးထားတာမှာ ပြင်ဆင်လို့မရအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည့် သမတမဖြစ်အောင်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးရှိထားတယ်။ အဲတာကြောင့် အလားအလာဟာ ဒီအကြံပြုချက်ကြောင့်တော့ ပြောင်းမသွားပါ။
၎။ ဒေါ်စုရဲ့သားနှစ်ယောက်နဲ့ ချွေးမနှစ်ယောက်ကနေ ဒေါ်စုကိုသမတဖြစ်စေချင်တာမဟုတ်ပါ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တိုင်းသူပြည်သားအများစုကနေ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ မဲပေးခဲ့ကြတာဖြစ်ပါတယ်။
၅။ ဒေါ်စုက သူ့သားတွေအရွယ်ရောက်ပြီဖြစ်လို့ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင်ရှိတယ်လို့ပြောထားပြီးရှိလျှက်သားနဲ့ အခုလို ပြောတာဟာ ဒေါ်စုရဲ့ တည်ကြည်မှုကို စမ်းတာလားလို့ သံသယဝင်မိတယ်။
၆။ ရွေးကောက်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဟာအရင်ကလို ထပ်တူမဟုတ်တော့ပါ။ တတန်းတည်းလည်း မဟုတ်တော့ပါ။ တပ်မတော်ကပိုပြီးအရေးပါတယ်။ ပြည်ခိုင်ဖြိုးမှာ အစွယ်မရှိတော့ပါ။ တပ်မတော်ဟာလည်း ဗခမကသန်းရွှေလက်ထက်ကနဲ့ မတူတာတွေရှိလာနေတယ်။

အချုပ်ပြောရရင် တပ်မတော်ဟာ အတိတ်ကိုထားပြီး အနာဂတ်အတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ရဲတဲ့သတ္တိရှိပြီလား ဆိုတဲ့အပေါ်မှာသာ ဒေါ်စုသမတဖြစ်ရေးကမှီနေပါတယ်။ လူ ၄ ယောက်အပေါ်မှာ မူမတည်ပါ။ သန်း ၅ဝ အပေါ်မှာ မူမတည်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး