လောကသာရပျို့ (၁၈)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၈။ စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု။ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး။ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။     ။ သူ့ထက်လွန်ကုန် ကြိုးစေမင်း။

မူကွဲ
ရွေ့ရွေ့ဆည်းလော့၊
ကြီးစွာလျက်လျှင်၊
စဉ်ဆက်ကျများ၊
ပျား၏နည်းထုံး၊
ဖို့သည့်ခြင်းရာ၊
လူလိမ်မာတို့၊
ကြံစည်နက်ကိ၊ု
သူ့ထက်လွန်ကဲ ကြိုးစေမင်း။

သတ်ပုံ
လိမ်မာကို အရင်က လိမ္မာလို့ရေးခဲ့ကြတယ်။
ကြွက်သေတခုကိုတော့ ကြွက်သေတစ်ခုလို့ ပေါ်လစီသတ်ပုံအရ ရေးနေကြပါတယ်။
သေဋ္ဌေးကို သဋ္ဌေးလို့လည်း ရှေးကရေးကြပါတယ်။ သေဌေးနဲ့ သဌေးတော့ မဟုတ်ပါ။ အခုခေတ်ထုတ် အဘိဓာန်တွေမှာ သူဌေးလို့ရေးထားကြတယ်။ နောက်ပိုင်းမှာတော့ ခရိုနီလို့ပြောင်းခေါ်ကပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး