Colors of Painting ပန်းချီကား၏အရောင်များ

(မနှစ်က ဒီနေ့မှာ ရေးခဲ့တဲ့စာ)

နေ့ခင်းလောက်မှာ မိုးလေးဖွဲဖွဲရွာတယ်။ အပြင်မှာ အရောင်စိုပြီး စုံလှတဲ့ ပန်းချီကားကိုကြည့်ရတယ်။

အရင်က အစိမ်းတရောင်သာရှိခဲ့တဲ့ သစ်ပင်တွေဟာ အဝါ၊ လိမ်မော်ဝါ၊ ဝါညို။ မိုးကလည်းစိုစို၊ တကယ့်ကို ရေဆေးရှုခင်းကားလို။ နီညိုနဲ့ အနီဟာ၊ လိုက်ဖက်ညီပါတယ်။

မြန်မာပြည်မှာ ပင်နီနဲ့ အနီ လိုက်ဖက်ညီတယ်၊ လူတွေလည်း ညီတယ်၊ စည်တယ်၊ မြည်တယ်၊ တည်တယ်။

အဲတာ မပြီးသေးတဲ့ပန်းချီကားတချပ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး