Coronary calcium scans နှလုံးရောဂါအတွက် ကယ်လ်စီယမ် စစ်ဆေးခြင်း

မုံရွာက ကျွန်တော့်ငယ်ဆရာအတွက် ရေးပါတယ်။

Coronary artery disease (CAD) ခေါ်နှလုံးသွေးကြောကျဉ်းရောဂါအတွက် စစ်ဆေးတာဖြစ်တယ်။ နှလုံးရောဂါ။ နှလုံး အတက်ခ်ရတာနဲ့ Stroke ဆထုပ်ခေါ် ဦးနှောက်သွေးကြောထိခိုက်တာ တခုခုဖြစ်မှာသိဘို့ စမ်းရတယ်။ သွေးတိုး သိရမယ်။ (ကိုလက်စထော) သိရမယ်။ ဆီးချိုလည်းသိရမယ်။

Score ရမှတ် ဝ ကနေ ၄ဝဝ အထိရှိတယ်။ ၁ဝဝ ကျော်ရင် မကောင်းပါ။

များနေသူတွေ လိုက်နာရမည့်အချက်များ
(ကိုလက်စထော) များနေရင် မစားသင့်တဲ့အစားအစာတွေ = ကြက်ဥကျော်၊ ချိစ်ဘာဂါ၊ မက်ခရော်တနီ + ချိစ်၊ အိုက်စခရင်မ်၊ အသား စတိခ်၊ မတ်ဖင်၊ ပင်လယ်စာ။ ကြက်ကြော်၊ အသည်း၊ တိရစ္ဆာန်အဆီများ၊ အမဲသား-ဝက်သား-ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါတဲ့ နွားနို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ပါ။

စားနိုင်တဲ့ အစားအစာတွေ = အုတ်စပါးနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ဖိုင်ဘာများအစားအစာတွေ၊ ပင်လယ်ငါးနဲ့ အိုမီဂါ သရီး၊ အစေ့အဆံတွေ၊ သံလွင်ဆီ၊ မာဂျရင်း၊ လိမ်မော်ရည်၊ ရောဂတ်၊ နှမ်း၊ လိမ်မော်သီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ပဲပုပ်၊ ကြက်သွန်ဖြူ၊ ပန်းသီး၊ သီဟိုစေ့၊ ပန်းမုံလာ။ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ-ပြောင်း-လူး-ဆပ်ကဲ့သို့အနှံများ စားသုံးပါ။

သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါရှိပါက ညွှန်ကြားထားသည်များကို လိုက်နာပါ။ စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ၊ လျှော့ချပါ။ ဆေးလိပ်မသောက်ပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ဆေးဝါတွေကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်။
၁။ Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol), Calcium channel blockers (Amlodipine, diltiazem) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊ အောက်စီဂျင်လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ

၂။ သွေးခဲခြင်းကို တားဆီးပေးသော Aspirin ဆေး။

၃။ ကိုလက်စထရောများနေပါက Statins (Atorvastatin, Simvastatin) ဆေးပေးမယ်။

၎။ ဗီတာမင်စီ နဲ့

၅။ ဗီတာမင်အီး။

ခွဲစိတ်ကုသနည်းမှာ နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နဲ့ နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းတွေရှိတယ်။

ဆရာ အသက်ရှည် ကျန်းမာချမ်းသာပါစေ။

မောင်တင့်ဆွေ
၂၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး