India Memoir အိန္ဒိယမှာ အထင်ကရ

ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီမှာရောက်နေတယ်။ အိန္ဒိယသမတ၊ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့တယ်။ မဟတ္တမဂန္ဒီဗိမာန်မှာ ဂါရဝပြုတယ်။

ကျွန်တော် (ရာ့ခ်ျဂတ်) ခေါ် ဂန္ဒီဗိမာန်ကို အကြိမ်ကြိမ်ရောက်ခဲ့ပါတယ်။ (ဆော့သ် ဘလော့) လို့ခေါ်တဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရုံးကို ၄-၅-၆ ခေါက်ရောက်ခဲ့တယ်။ တကြိမ်ကတော့ (နအဖ) စစ်အစိုးရကနေ ကျွန်တော်အကြောင်း မဟုတ်တမ်းတရား တိုင်စာပို့လို့ ခေါ်သတိပေးခံရတာပါ။

သမတအိမ်တော် (ရာစထာပတီ) ကိုတော့ တခေါက်သာရောက်ဘူးတယ်။ ၁၉၉၃ မှာ ဒေါ်စုကို နေရူးဆုချီးမြှင့်စဉ်က တက်ခွင့်ရတာပါ။

အိန္ဒိယလက်ရှိသမတ (ပရာနသ် မူကာဂျီး) ဟာ အနောက်ဘင်္ဂလားနယ်က ဘင်္ဂါလီလူမျိုးဖြစ်ပါတယ်။ ဝေါဟာရကို နိုင်ငံရေးလုပ်ကြသူများ သိစေချင်တယ်။ ငါ ဟိုလိုမခေါ်ဘူး၊ အဲလိုခေါ်လိုက်တယ်၊ ငါနိုင်တယ်လို့ ထင်နေကြသူတွေ သိစေချင်လို့ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး