မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, October 30, 2016

Maternal mortality မိခင်များ မီးတွင်းသေဆုံးခြင်း

၃ဝ-၁ဝ-၂ဝ၁၆ နေ့ထုတ် 7Day Daily မှာ ဒေသတွင်းနိုင်ငံများတွင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း မြန်မာနိုင်ငံက နီပေါနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်လို့ ရေးသားထားတယ်။

ကမ္ဘာမှာ အမျိုးသမီးပေါင်း (၈၃ဝ) ယောက်ဟာ ကလေးဖွားခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအခြေအနေတခုခုနဲ့ဆက်စပ်ပြီး နေ့စဉ် သေဆုံးနေရတယ်လို့ ၂ဝ၁၅ နိုဝင်္ဘာလမှာ WHO ထုတ်ပြန်ချက်ကဆိုပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အမျိုးသမီး စုစုပေါင်း ၃ သိန်း ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆာဟာရတောင်ပိုင်းဒေသက အဆိုးဆုံးဖြစ်တယ်။ အာရှနဲ့ မြောက်ပိုင်း အာဖရိကမှာလည်း ဆိုးတယ်။

Maternal mortality ratio (MMR) မီးတွင်းသေဆုံးနှုန်းကို ကလေးအရှင်မွေး တသိန်းမှာ သေဆုံးသူ ဘယ်နှစ်ယောက် ရှိသလဲလို့တွက်ယူပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းမှာ မြန်မာနိုင်ငံက တတိယလိုက်ပါတယ်။
နီပေါ = ၂၅၈
တီမောလက်စ် = ၂၁၅
မြန်မာနိုင်ငံ = ၁၇၈
ပါကစ္စတန် = ၁၇၈
ဘင်္ဂလားဒက်ရှ် = ၁၇၆
အိန္ဒိယ = ၁၇၄
ကမ္ဘောဒီးယား = ၁၆၁
ဘူတန် = ၁၄၈
အင်ဒိုနီးရှား = ၁၂၆
ဖလစ်ပိုင် = ၁၁၄
မြောက်ကိုရီးယား = ၈၂
မောလ်ဒိဖ် = ၆၈
ဗီယက်နမ် = ၅၄
မလေးရှား = ၄ဝ
သီရိလင်္ကာ = ၃ဝ
တရုပ် = ၂၇
ထိုင်း = ၂ဝ
တောင်ကိုရီးယား = ၁၁
စင်္ကာပူ = ၁ဝ

ကောင်းတဲ့နိုင်ငံတွေကတော့ -
ကနေဒါ = ၇
ၾသစေတးလ် = ၆
ဂျပန် = ၅
ဖင်လန် = ၃
ဂရိ = ၃
အိုက်စလန် = ၃
ပိုလန် = ၃

အဆိုးဆုံးနိုင်ငံတွေကတော့ -
ဂမ္ဘီယာ = ၇ဝ၆
ဘာရြန္ဒီ = ၇၁၂
လိုက်ဘေးရီးယား =၇၂၅
ဆိုမာလီ = ၇၃၂
တောင်ဆူဒန် = ၇၈၉
နိုက်ဂျီးရီးယား =၈၁၄
ဗဟိုအာဖရိ = ၈၈၂
ချတ် = ၈၅၆
ဆာရာလီယွန်း = ၁၃၆ဝ

အဲလိုအမျိုးသမီးတွေ ဘာကြောင့်သေဆုံးရသလဲ။ တချို့သေဆုံးရစေတဲ့အကြောင်းရင်းတွေဟာ ကြိုတင်ကာကွယ်လို့ ရနိုင်တာတွေ ဖြစ်ပါတယ်။
၁။ ကလေးမွေးပြီး သွေးအလွန်ဆင်းခြင်း
၂။ ကလေးမွေးပြီး ကူးစက်ရောဂါပိုးဝင်ခြင်း
၃။ ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
၎။ မွေးဖွားရခက်ခဲခြင်း
၅။ စိတ်မချရတဲ့နည်းနဲ့ ကိုယ်ဝန်ဖျက်ချင်း

မီးတွင်းမိခင်သေဆုံးမှု များနေစေတဲ့ အခြေခံအကြောင်းတွေကတော့ -
၁။ ဆင်းရဲမှု
၂။ ကျန်းမာရေးဌာနနဲ့ဝေးကွာခြင်း
၃။ ကျန်းမာရေးအသိနည်းခြင်း
၎။ ဝန်ဆောင်မှုမပြည့်စုံခြင်း
၅။ မှားယွင်းတဲ့ရိုးရာအလေ့အထများ

မြန်မာပြည်က မိခင်လောင်းတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.